မူဆယ်မြို့တွင် လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားရာမှ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ

0
194

ရှမ်းပြည်နယ်၊မူဆယ်မြို့၊ဟိုမွန်ရပ်ကွက်ရှိ ကံ့ကော်လမ်းခွဲတွင် ဖေဖော်ဝါရီ ၂ ရက်(ယနေ့)နံနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲခဲ့သဖြင့် အမျိုးသားတစ်ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၁၁ နာရီခွဲခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက ဟိုမွန်ရပ်ကွက်၊ ၄၅ ကုန်းဘက်မှမောင်းနှင်လာကာ ကံ့ကော်လမ်းခွဲ၌ရှိနေသည့် လုံခြုံရေးအဖွဲ့ဝင်များအား လက်လုပ်ဗုံးဖြင့်ပစ်ပေါက်၍ နာရီစင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ဟိုမွန်ရပ်ကွက်ဘက်မှနာရီစင်ဘက်သို့ လမ်းလျှောက်လာသည့် အမည်၊အသက်၊နေရပ်လိပ်စာ(စီစစ်ဆဲ)အမျိုးသား၏ ယာဘက်လည်ပင်းဖူးရောင်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ယာလက်မောင်းဖူးရောင်ပေါက် ပြဲဒဏ်ရာ ၃ ချက်၊နှာခေါင်းဖူးရောင်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ယာတင်ပါးဆုံဖူးရောင် ပေါက်ပြဲဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့သဖြင့် မူဆယ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ပြည်သူ့စစ်အဖွဲ့တွေက လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းလုပ်နေတုန်း ဆိုင်ကယ်နဲ့မောင်းလာပြီး လက်လုပ်ဗုံးနဲ့ပစ်သွားတာ ပစ်ပြီးပြီးချင်းအမြန်မောင်းပြေးသွားကြတယ် ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here