မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးများအားထိန်းချုပ်ကာကွယ်တိုက်ဖျက်ရာ၌ အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်နေ

0
194

သြစတြေးလျနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးမင်းသိမ်းမှ ဗီယင်နာမြို့ရှိ အပြည်ပြည်ဆိုင်ရာစင်တာ၌ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့(INCB)၏ ရှင်းလင်းပွဲအခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

INCB က မကြာမီထုတ်ဝေမည့် ၂၀၂၂ ခုနှစ်အတွက်နှစ်စဉ်အစီရင်ခံစာ၊နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲအစီရင်ခံစာနှင့်ဓာတုပစ္စည်းဆိုင်ရာအစီရင်ခံစာများနှင့်ပတ်သက်၍ ရှင်းလင်းပွဲအား ဖေဖော်ဝါရီ ၁ ရက်ကကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးထိန်းချုပ်ကာကွယ်တိုက်ဖျက်ရေးဆိုင်ရာကွန်ဗင်းရှင်း(၃)ခုလုံးအား လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ်၍ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာရုံး(UNODC)၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်ခ်အဖွဲ့ဝင်နိုင်ငံများနှင့်အစဉ်ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာဖြေရှင်းနိုင်ရေးအား ဦးစားပေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ ဘက်ပေါင်းစုံချဉ်းကပ်မှုများပါဝင်သည့် အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်တစ်ရပ်အား ရေးဆွဲထုတ်ပြန်ခဲ့သည်ဟု ပြောသည်။

ယင်း မူဝါဒသစ်အား အထောက်အကူပြုမည့် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကိုလည်း ရေးဆွဲခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် ဓာတုပစ္စည်းများ(precursors)တင်သွင်းမှုကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းစောင့်ကြပ်ကြည့် ရှုစစ်ဆေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here