သင်္ဃန်းကျွန်းမြို့နယ်ရှိ အဖျော်ယမကာအေးဂျင့်ဆိုင်တွင် Level 2 အဆင့်မီးလောင်မှုဖြစ်ပွား

0
279

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်၊ဦးစံဖေရပ်ကွက်ရှိ အဖျော်ယမကာအေးဂျင့်ဆိုင်၌ ဖေဖော်ဝါရီ ၃ ရက်(ယနေ့)နံနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက် ၁၁ နာရီ ၂၃ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ဦးစံဖေရပ်ကွက်ရှိ အဖျော်ယမကာအေးဂျင့်ဆိုင်၌ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုအား နံနက် ၁၁ နာရီခွဲတွင် Level 1 အဆင့် နံနက် ၁၁ နာရီ ၄၀ မိနစ်၌ Level 2 အဆင့်တို့ဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ မီးထိန်းနိုင်ခဲ့ပြီးနောက် ဆက်လက်ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၁ နာရီ ၅၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here