စတာလင်ဂရက်ခရီးစဉ်တွင် ယူကရိန်းအရေးအခင်းအား ပူတင်က ဒုတိယကမ္ဘာစစ်နှင့် ခိုင်းနှိုင်းခဲ့

0
247

သမ္မတ ပူတင်က ရုရှားနိုင်ငံသည် ယခုအခါတွင်လည်း ဒုတိယကမ္ဘာစစ်ဖြစ်ပွားစဉ် အချိန်ကဲ့သို့ ဂျာမန်တင့်ကားများ၏ ခြိမ်းခြောက်ခြင်းကို ခံနေရကြောင်း ပြောကြားကာ မော်စကိုသည် အနောက်အုပ်စု ၏ ရန်စမှုများကိုတန်ပြန်ရန် အသင့်ဖြစ်နေကြောင်း သတိပေးခဲ့သည်။

ဆိုဗီယက်တပ်နီတို့ က စတာလင်ဂရက်မြို့တွင် နာဇီဂျာမနီအား အနိုင်ရရှိခဲ့သည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်နေ့ အခမ်းအနားတွင် မိန့်ခွင်းပြောကြားရာ၌ ပူတင်က ယူကရိန်းရှိ အရေးအခင်းအား ဒုတိယကမ္ဘာစစ်တွင် ဆိုဗီယက်ယူနီယံတို့ တိုက်ခိုက်ခဲ့သည့်ပုံနှင့် နှိုင်းယှဉ်၍ ပြောဆိုခဲ့သည်။

“မယုံနိုင်ပေမယ့် အမှန်ပါပဲ။ ကျွန်တော်တို့ဟာ ဂျာမန် လက်ပတ် တင့်ကားတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြန်တယ်။ အနောက်အုပ်စုရဲ့ စုပေါင်း ရန်စမှုတွေကို ထပ်ခါထပ်ခါ မဖြစ်မနေ တွန်းလှန်နေရပါတယ်” ဟု ပူတင်ကဆိုသည်။

“သူတို့ရဲ့နယ်စပ်ကို တင့်ကားတွေ မပို့သေးပါဘူး၊ ဒါပေမဲ့ တစ်ခုခုနဲ့ ပြန်ပြီး တုံ့ပြန်သွားဖို့ရှိပါတယ်၊ ပြီးတော့ အဲဒါက တင့်ကားတွေ သုံးရုံတင် မဟုတ်ပါဘူး၊ လူတိုင်း ဒါကို နားလည်ဖို့ လိုပါတယ်။ ရုရှားနဲ့ ဖြစ်တဲ့ ခေတ်သစ်စစ်ပွဲဟာ အရင်ကနဲ့ လုံးဝကို ကွဲပြားလိမ့်မယ်” ဟု ပူတင်က သတိပေးခဲ့သည်။

အရေးအခင်း စတင်ကတည်းက ယူကရိန်းဘက်မှ ပံ့ပိုးကူညီနေသော အနောက်အုပ်စုအား ပူတင်သည် နျူလက်နက်ဖြင့် အကြိမ်ကြိမ် ခြိမ်းခြောက်နေခဲ့သည်။

၁၉၄၂ ခုနှစ်နှင့် ၁၉၄၃ ခုနှစ်ကြား ခြောက်လနီးပါး ကြာမြင်ခဲ့သော စတာလင်ဂရက် စစ်ပွဲသည် သမိုင်းတစ်လျှောက် အသေအပျောက်အများဆုံး စစ်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ထိုစစ်ပွဲတွင် ဆိုဗီယက်တို့ အနိုင်ရရှိခဲ့မှုသည် ဂျာမနီစစ်တပ်အား အင်အားဆုတ်လျော့စေကာ ဒုတိယကမ္ဘာစစ်အတွင်း အခြေအနေများကို အလှည့်အပြောင်း ဖြစ်စေခဲ့သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here