ရခိုင်ပြည်နယ်အတွင်း နိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏နှစ်ဆကို အထူးကိစ္စရပ်အဖြင့် ခံစားခွင့်ပြု

0
230

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တာဝန် ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား ဒေသတွင်းလက်ရှိအခြေနေအရ မူရင်းလစာ၏နှစ်ဆကို အထူးကိစ္စရပ်တစ်ရပ်အနေဖြင့် ခံစားခွင့်ပြုလိုက်ကြောင်း စီမံကိန်းနှင့်ဘဏ္ဌာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာသည်။

နိုင်ငံ့ဝန်ထမ်းများ မူရင်းလစာ၏နှစ်ဆ ခံစားခွင့်အား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လ အတွက် ဆက်လက်ခံစားခွင့်ပြုခြင်းဖြစ်ပြီး၊ အဆိုပါ ခံစားခွင့်အတွက် ပြီးခဲ့သော ဖေဖော်ဝါရီ ၁ ရက်၌ စီမံကိန်းနှင့်ဘဏ္ဌာရေးဝန်ကြီးဌာန၏ အမိန့်ကြေညာစာအမှတ် ၉/၂၀၂၃ ဖြင့် ပြည်ထောင်စုဝန်ကြီး ဉီးဝင်းရှိန်က လက်မှတ်ရေးထိုးထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယင်းမြို့နယ်များအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နေ့စားအလုပ်သမားများကိုလည်း ဒေသတွင်း လက်ရှိအခြေနေအရ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လများအတွက် ၁ ရက် လုပ်အားခ ကျပ် ၆၅၀၀ နှုန်းကို ဆက်လက်ခံစားခွင့်ပြုကြောင်း တစ်ဆက်တည်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here