သာကေတကျောက်တိုင်အနီး၌ ကြက်များတင်လာသည့်ကားတစ်စီး လမ်းဘေးမြောင်းထဲထိုးကျ

0
311

ရန်ကုန်တိုင်း၊သာကေတမြို့နယ်ရှိ သာကေတကျောက်တိုင်အနီးတွင် ဖေဖော်ဝါရီ ၃ ရက်(ယနေ့) နေ့လည်ပိုင်းက ကြက်တင်လာသည့်ကားတစ်စီး လမ်းဘေးမြောင်းထဲသို့ထိုးကျသွားခဲ့ကြောင်း Medical လူငယ်များအသင်း(ရန်ကုန်)မှ သိရသည်။

ယနေ့နေ့လည် ၁ နာရီခွဲခန့်က သာကေတမြို့နယ်ရှိ သာကေတကျောက်တိုင်အနီးတွင် ကြက်များတင်လာသည့် ကားတစ်စီးမှာအရှိန်လွန်၍ လမ်းဘေးမြောင်းထဲသို့ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ကြက်တင်ကား၏ကြက်ခြင်းများပေါ် ၌ လိုက်ပါလာသည့် အမျိုးသား ၄ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် Medical လူငယ်များအသင်း(ရန်ကုန်)မှ မြေပြင်ပြုစုကုသမှုများပြုလုပ်ပေးခဲ့ကြသည်။

“ဒဏ်ရာရတဲ့လူ ၄ ယောက်က ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းကလို့ ကနဦးသိထားရတယ် ကြက်ခြင်းတွေပေါ်မှာထိုင်လိုက်လာကြတာ ကြက်ဘဲစျေးဘက်ကိုမောင်းလာရင်းနဲ့ဖြစ်သွားတာပါ”ဟု ကူညီကယ်ဆယ်ရေးပြုလုပ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရခဲ့သည့် အမျိုးသား ၄ ဦးအား လူမှုကူညီရေးအသင်းကားများဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here