အပြည်အပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်(နေပြည် တော်)တွင် တက်ရောက်မည့်သူများအား ဖေဖော်ဝါရီ ၅ ရက်၌လက်ခံသွားမည်

0
230

အပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်(နေပြည် တော်)တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် တက်ရောက်မည့်သူများအား ဖေဖော်ဝါရီ ၅ ရက် ၌ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

M.A.1st year (Online) ၂၀၂၃ ပညာသင်နှစ်အ တွက် တက်​ရောက်ခွင့်​လျောက်ထားသည့် နိကာ ယ​ဝေဒဂူဘွဲ့လွန်ဒီပလိုမာတန်း(၂၀၂၂)၏ ကျမ်း စာတမ်း​အပ်နှံထားသည့် ရဟန်း​တော်များနှင့်လူပုဂ္ဂိုလ်များ၊ M.A. 2 nd year(၂၀၂၃)တက်​ရောက်မည့်သူများအား လက်ခံသွားမည်ဖြစ်သည်။

ထို့ပြင် နိကာယ​ဝေဒဂူဘွဲ့လွန်ဒီပလိုမာတန်းနှင့်နိကာယ​ဝေဒဂူဒီပလိုမာတန်း( Batch 3)တက်​ရောက်ရန်​လျောက်ထားသည့် ရဟန်း​တော်များနှင့်လူပုဂ္ဂိုလ်များ၊ တိ-နိစာတမ်းများအပ်နှံရန်ကျန်ရှိသူများကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများအား အလယ်ရွှေဂုံတိုင်လမ်း၊အမှတ် ၂၉၁၊ Green Valley ၌ ဖေဖော်ဝါရီ ၅ ရက်နံနက် ၉ နာရီမှမွန်းတည့် ၁၂ နာရီအထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူများအနေဖြင့် လျောက်လွှာ၊မှတ် ပုံတင်မိတ္တူ၊ပညာရေးဘွဲ့(မူရင်းနှင့်မိတ္တူ)၊အဘိဓမ္မာအောင်လက်မှတ်(မူရင်းနှင့်မိတ္တူ)(မရှိလျင် IBPU အဘိဓမ္မာကျမ်းရင်းသင်တန်း)၊နောက်ခံအပြာရောင်ဖြင့် ၁.၅×၂ ဓာတ်ပုံ ၃ ပုံ၊နိကာယ်၊ တိ-နိ မှတ်ပုံတင်​ကြေး ၅ ​သောင်းကျပ်၊ M.A 1st Year မှတ်ပုံတင်​ကြေးကျပ် ၃ သိန်း(၂ ကြိမ်ခွဲသွင်းနိုင်)၊ M.A. 2nd Year မှတ်ပုံတင်​ကြေးကျပ် ၃ သိန်း(၂ ကြိမ်ခွဲသွင်းနိုင်)တို့ပါရှိရမည်ဖြစ် သည်။

သေးစိတ်သိရှိလိုပါက Viber 09 404630556 ၊ 09  752019678 ၊ 09 421717894 နှင့် 09 782123576 တို့သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

မှတ်ပုံတင်​ကြေးသွင်းရန် သံဃာ​တော်များအ တွက် အလှူရှင်များလည်းရှိနေကာ ဖေဖော်ဝါရီ ၅ ရက်တွင် လာရောက်လျှောက်ထားသူများအ တွက် နံနက်စာစီစဥ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here