ကာကွယ်ရေးအသုံးစရိတ် ၁၃ ရာခိုင်နှုန်း အိန္ဒိယတိုးမြှင့်မည်၊ လက်နက်သစ်များအတွက် ဒေါ်လာဘီလျံနှင့်ချီ၍ သုံးစွဲသွားမည်

0
218

၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းကာကွယ်ရေးပစ္စည်းစက်ရုံများမှ လက်နက်အသစ်များနှင့် ကာကွယ်ရေးစနစ်အသစ်များကို ဝယ်ယူရန်အတွက် ရူပီးငွေ ၁ ဒသမ ၆၂ ထရီလီယံ(ကန်ဒေါ်လာ ၁၉ ဒသမ ၈၇ ဘီလျံ)ခန့် သုံးစွဲသွားမည်ဟု အိန္ဒိယနိုင်ငံကဆိုသည်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သော နိုင်ငံ၏ နှစ်စဉ်ဘတ်ဂျက်အသုံးစရိတ်တွင် စုစုပေါင်း အိန္ဒိယ ရူပီးငွေ ၄၅ ဒသမ ၀၃ ထရီလီယံ သတ်မှတ်ထားပြီး၊ ယင်းအနက် ကာကွယ်ရေးအတွက် ရူပီးငွေ ၅ ဒသမ ၉၃ ထရီလီယံ(သို့မဟုတ်) ဘတ်ဂျက်၏ ၁၃ ရာခိုင်နှုန်းကို ခွဲဝေပေးခဲ့သည်။ အဆိုပါ အသုံးစရိတ်တွင် ကာကွယ်ရေးပင်စင်များအတွက် သုံးစွဲမည့် ရူပီးငွေ ၁ ဒသမ ၃၈ ထရီလီယံအပါအဝင်ဖြစ်သည်။

စုစုပေါင်း ကာကွယ်ရေးစရိတ်မှာ အိန္ဒိယ ရူပီးငွေ ၆၈၃ ဒသမ ၇၁ ဘီလျံဖြစ်ပြီး၊ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်ထက် ၁၃ ရာခိုင်နှုန်းတိုးမြင့်လာခြင်းဖြစ်သည်။ ဧပြီ ၁ ရက်နေ့တွင် စတင်မည့် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တွင် လက်နက်သစ်များဝယ်ယူရေးအတွက် အသုံးစရိတ်အဖြစ် ရူပီးငွေ ၁ ဒသမ ၆၂ ထရီလီယံလျာထားပြီး၊ အပိုပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေးများအတွက် ရူပီးငွေ ၂ ဒသမ ၇ ထရီလီယံ သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here