ဂျပန်-တရုတ် ဆက်ဆံရေးမြှင့်တင်ရန် ဆွေးနွေးမည်

0
290

တိုကျို၊ဖေဖော်ဝါရီ ၃

တင်းမာလာသည့် နှစ်နိုင်ငံဆက်ဆံရေးအားပြင်ဆင်ရန်ကြိုးပမ်းနေစဉ် နှစ်နိုင်ငံကြားနီးကပ်သည့်ဆက်ဆံရေးအား အဆင့်တိုင်း၌ဆက်လက်ထားရှိသွားမည်ဟု ဂျပန်နှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးများက ကြာသပတေးနေ့၌သဘောတူခဲ့ကြသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယရှိသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်နှင့်မိနစ် ၅၀ ကြာဖုန်းပြောဆိုမှုအတွင်း တရုတ်၏ဂျပန်အနီးစစ်ရေးလေ့ကျင့်မှုများကြောင့် စိုးရိမ်ပူပန်ရပြီး ဂျပန်လူထုသည်လည်း ပေကျင်းအပေါ်တင်းမာသည့်သဘောထားရှိနေသည်ဟုပြောကြားခဲ့သည်။

ယင်းနောက် နှစ်နိုင်ငံအကြားအပြုသဘောဆောင်ပြီး တည်ငြိမ်သောဆက်ဆံရေးကို အကောင်အထည်ဖော်ရန် အတူတကွလုပ်ဆောင်သွားမည်ဟုလည်းပြောကြားခဲ့ကြသည်။

နှစ်နိုင်ငံသမိုင်းနှင့်ထိုင်ဝမ်ကဲ့သို့သော အဓိကကိစ္စရပ်များနှင့်ပတ်သက်၍ ဂျပန်ဘက်မှသတိကြီးစွာထားရန်မျှော်လင့်ကြောင်း မစ္စတာချင်ကပြောကြားခဲ့သည်။

ထို့ပြင်ယခုနှစ်သည် ၁၉၇၈ ခုနှစ်ကချုပ်ခဲ့သည့် နှစ်နိုင်ငံငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေးစာချုပ်၏ ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် အဆိုပါအခွင့်အရေးကို အသုံးချကာ တရုတ် – ဂျပန်ဆက်ဆံရေးတိုးတက်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်ဆန္ဒရှိကြောင်းလည်းကပြောကြားခဲ့သည်။

အဆုံးတွင် ရုရှား – ယူကရိန်းအရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံဆွေးနွေးခဲ့ကြသည်ဟု ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုထည့်သွင်းပြောကြားခြင်းမရှိခဲ့ပေ။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here