ရုပ်ရှင်ရုံကြီး ၃ရုံပါဝင်တဲ့ MINGALAR CINEMAS THANLYIN အဆင့်မြင့်ရုပ်ရှင်ရုံသစ်ကြီးဖွင့်လှစ်

0
819

သန်လျင်မြို့ ၊ကျိုက်ခေါက်ဘုရားအနီး မှာ ရုပ်ရှင်ရုံကြီး ၃ရုံပါတဲ့ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံ ကို ဖေဖော်ဝါရီလ ၃ရက်နေ့ ကထပ်မံဖွင့်လှစ် လိုက်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ သိရပါတယ်။

ရုပ်ရှင်ရုံ အသစ်များ ထပ်မံဖွင့်လှစ်တဲ့အတွက် ရုပ်ရျင်လောကသားများကိုယ်စား သွားရောက်ဖြစ်တဲ့အကြောင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရဲ့ တာဝန်ရှိသူ ဦးအေးကြူလေး က “ရုပ်ရှင်လောက တိုးတက်ဖို့အတွက်ဆိုတော့ရုပ်ရှင်အစည်းအရုံးအနေဲ့ သွားပြီး အားပေးရမှာပေါ့။ရုံးအကြီး ၃ရုံ လည်း ပါတဲ့ အတွက် ဇာတ်ကားတွေ ပိုပြသရတာပေါ့။”လို့ပြောပါတယ်။

ရုပ်ရှင်ရုံကြီး ၃ရုံပါဝင်တဲ့ သန်လျင် ရုပ်ရှင်ရုံမှာ ပြသတဲ့ ဒေါက် ဒေါက် ဒေါက် ဇာတ်ကားကြီး မှာ ပါဝင် သရုပ်ဆောင် သူ ကျော်ဖြိုးဝေ က “ ဇာတ်ကား က ၃ရက်နေ့ကစပြီး ရုံတင်ပြသတာပါ။ကျွန်တော်ကမင်းသမီး ရဲ့ အစ်ကို နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာပါ။အားပေးကြပါဦး။”လို့ ပြောပြခဲ့ပါတယ်။

ပထမဆုံးရုံ စတင်ဖွင့်လှစ်တဲ့ အနေနဲ့ ဖေဖော်ဝါရီလ ၃ရက်နေ့ ညနေ ၅ နာရီ မှာ”ကျော်ကြီးကချစ်တတ်တယ်” ရုပ်ရှင်ဇာတ်ကားကြီးကို Free Show တစ်ပွဲပြသသွားမှာ ဖြစ်တယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here