မင်္ဂလာဒုံတွင် ကားသုံးစီးဆင့်တိုက်၍ အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

0
319

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၃ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယင်းနေ့ည ၉ နာရီခန့်က မင်္ဂလာဒုံမြို့နယ်၊အမှတ် (၃)လမ်းမကြီးပေါ်ရှိ ၃၃၃ မှတ်တိုင်အနီးတွင် Hijet ကား၊ Dyna ကားနှင့် Light Truck ကားပုံစံရှိသည့်တရုတ်ကားတို့တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သတင်းအရ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ရာ Light Truck ကားပုံစံတရုတ်ကားပေါ်တွင် လိုက်ပါလာသည့် အသက်(၉)နှစ်အရွယ်ရှိ ကလေးငယ်(မ)တစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

“လမ်းသွယ်ထဲကထွက်လာတဲ့ Light Truck ကားကို Dyna ကားကဝင်တိုက်မိပြီး Light Truck ကားက လည်ထွက်သွားတဲ့အချိန် Hijet ကားကိုထပ်တိုက်မိတာ ကလေးတစ်ယောက်သေဆုံးပြီး ကားသုံးစီးလုံးပေါ်က အမျိုးသား ၄ ယောက်ဒဏ်ရာရသွားတယ် ၃၃၃ မှတ်တိုင်နားမှာဖြစ်သွားတာပါ” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ သေဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးတို့အား ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ဝေဓာဝီဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-Htin Lin Aung


LEAVE A REPLY

Please enter your comment!
Please enter your name here