၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ယခုလ ၂၁ ရက်တွင် စတင်ကျင်းပမည်

0
194

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ယခုလ ၂၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ ထံမှသိရသည်။

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ မြဝတီ၊ ဧရာဝတီယူနိုက်တက်၊ ရတနာပုံ၊ အား/ကာသိပ္ပံ၊ မဟာယူနိုက်တက်၊ ဂျီအက်ဖ်အေ၊ ရခိုင်ယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်နှင့် ကချင်ယူနိုက်တက် စုစုပေါင်း အသင်း (၁၂) သင်း ပါဝင်ယှဥ်ပြိုင်မည်ဖြစ်သည်။

ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းနှင့် ရန်ကုန်ယူနိုက်တက်မြက်ခင်းတု(YUSC) ကွင်းတို့၌ ကျင်းပသွားမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲစဥ်အား ညနေ ၄ နာရီ၊ YUSC ကွင်း၌ ကျင်းပသည့်ပွဲစဥ်အား ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တို့တွင် ကျင်းပသွားမည်ဟု သိရသည်။

ပုံစာ – ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here