တောင်တရုတ်ပင်လယ်၌ ပူးတွဲကင်းလှည့်မှုပြန်လည်စတင်မည်ဟု အမေရိကနှင့်ဖိလစ်ပိုင်တို့ကြေငြာ

0
208

ဝါရှင်တန်၊ဖေဖော်ဝါရီ ၃

တရုတ်၏စစ်အင်အားမြင့်တက်လာမှုကို တန်ပြန်ရန်အမေရိကနှင့်၎င်း၏မဟာမိတ်များကြိုးပမ်းနေချိန်တွင် တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲကင်းလှည့်မှုကိုပြန်လည်စတင်ရန် အမေရိကနှင့်ဖိလစ်ပိုင်တို့သဘောတူညီခဲ့ကြသည်ဟုသိရသည်။

ပူးတွဲကင်းလှည့်မှုအား ယခင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးလက်ထက်၌ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ ဒူတာတေးသည် တရုတ်နိုင်ငံအား ထောက်ခံအားပေးသူဖြစ်သဖြင့် ယခုကဲ့သို့ရပ်နားခဲ့ခြင်းဖြစ်သည်။

ထိုသို့ရပ်ဆိုင်းပြီးနောက် မကြာမီအချိန်ကသွားရောက်ခဲ့သည့် ကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်၏ခရီးစဉ်အတွင်း ကင်းလှည့်မှုသဘောတူညီချက်ထွက်ပေါ်လာခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း အမေရိက၏စစ်စခန်းများကိုလည်း တိုးချဲ့ဆောက်လုပ်ခွင့်ပြုခဲ့သည်။

“ပူးတွဲကင်းလှည့်ဖို့အတွက် လမ်းညွှန်ချက်တွေကိုအသေးစိတ်ထပ်ဆွေးနွေးဖို့ သဘောတူညီချက်တွေလည်းလုပ်ခဲ့ပါတယ်” ဟုလည်း အမည်မဖော်လိုသူအရာရှိတစ်ဦးကပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here