ချီလီနိုင်ငံတွင် တောမီးလောင်ကျွမ်းများမှုကြောင့် လူ ၁၃ ဦး သေဆုံး

0
282

ချီလီနိုင်ငံတဝန်းတွင် ရာနှင့်ချီသောတောမီးလောင်ကျွမ်းမှုများကြောင့် ဖေဖော်ဝါရီလ ၃ ရက် သောကြာနေ့တွင် လူ ၁၃ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ချစ်ချစ်တောက်ပူသော အပူလှိုင်း ဖြတ်သန်းမှုကြောင့် တောမီးများ ထလောင်ပြီးနောက် ချီလီအစိုးရသည် နိုင်ငံတစ်ဝန်း ဒေသအများအပြားတွင် သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာခဲ့ကြောင်း အာဏာပိုင်များက မနေ့က ပြောခဲ့သည်။

သောကြာနေ့မှစ၍ တောမီးလောင်ကျွမ်းမှု ၁၅၁ မှု ဖြစ်ပွားခဲ့ပြီး ယင်းအနက် ၆၅ မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ကြေညာထားသည်။

သေဆုံးသွားသူများတွင် မီးသတ်သမားတစ်ဦးလည်း ပါဝင်ပြီး မီးငြိမ်းသတ်နေစဉ် အရေးပေါ် သွားလာနေသော မီးသတ်ကားဖြင့် တိုက်မိ၍ သေဆုံးသွားသည်ဟု သိရသည်။

ထို့ပြင် မီးငြိမ်းသတ်ရန် ကြိုးပမ်းခဲ့ကြသည့် ရဟတ်ယာဉ်မှူးနှင့် စက်ပြင်ဆရာတစ်ဦးသည်လည်း မောင်းနှင်လာသော ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားခဲ့သည်။

တောမီးလောင်ကျွမ်းမှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသော ချီလီနိုင်ငံအလယ်ပိုင်း ဘီရိုဘီရို ဒေသတွင်လည်း အရပ်သားလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

Source: DW


LEAVE A REPLY

Please enter your comment!
Please enter your name here