Bakhmut ကို ရုရှားတို့ ထိန်းချုပ်နိုင်ရန် နီးကပ်နေပြီဖြစ်သဖြင့် ဥရောပသမဂ္ဂကလည်း မိမိတို့ထံ လက်နက်များ မြန်မြန်ဆန်ဆန် ပေးပို့ရန် ဇလန်းစကီးတိုက်တွန်း

0
309

စစ်ပွဲကာလများအတွင်း ပထမဆုံး သိသာထင်ရှားသော အောင်ပွဲအဖြစ် ရုရှားတပ်များက Donetsk အရှေ့ပိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားနေသည့် Bakhmut မြို့အား အပြည့်အ၀ ထိန်းချုပ်နိုင်ရန် နီးကပ်နေပြီဖြစ်သည့်အတွက် မိမိဆီသို့လည်း လက်နက်များ မြန်မြန်ဆန်ဆန်ပို့ပေးကြရန် ဥရောပသမဂ္ဂနိုင်ငံများသို့ ယူကရိန်းသမ္မတ ဇလန်းစကီးက တိုက်တွန်းခဲ့သည်။

ရုရှားတပ်များ၏ လအတော်ကြာ ဝိုင်းရံခံထားရသည့် Bakhmut မြို့ မကြာမီကာလအတွင်း ဆုံးရှုံးနိုင်ချေရှိမရှိမှာ ဥရောပသမဂ္ဂခေါင်းဆောင်များက ပံ့ပိုးပေးမည်ဟု ကတိပြုထားသည့် လက်နက်ကိရိယာများနှင့် လျှပ်စစ်မီးပြတ်တောက်မှုကို ထိန်းညှိပေးသည့် LED မီးသီး ၃၅ သန်းပေါ်တွင် မူတည်နေကြောင်း သူကဆိုသည်။

ဇလန်းစကီးကမူ Bakhmut မြို့ မကျစေရေး အပြင်းအထန်ခုခံကာကွယ်သွားမည်ဖြစ်ပြီး၊ သူ၏  တပ်ဖွဲ့ဝင်များကလည်း “Bakhmut မကျစေရ”ဟူသည့် ကြွေးကျော်သံဖြင့် တိုက်ပွဲဝင်နေကြောင်း သူကပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here