အမေရိကဘက်မှလက်နက်ထောက်ပံ့လေလေ ယူကရိန်းတစ်နိုင်ငံလုံးစစ်မီးလောင်ဖို့နီးလေလေဟု ရုရှားသမ္မတဟောင်းဆို

0
178

မော်စကို၊ဖေဖော်ဝါရီ ၄

ရုရှားသမ္မတဟောင်း ဒီမီထရီမထ်ဗက်ဒက်ဗ်က အမေရိကဘက်မှ ယူကရိန်းသို့လက်နက်များထောက်ပံ့နေခြင်းသည် ရုရှား၏နျူအသုံးပြုနိုင်ချေအပါအဝင် အခြားပြင်းထန်သောလက်တုံ့ပြန်တိုက်ခိုက်မှုများကိုသာရစေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယခုလိုလုပ်ရပ်တွေဆက်လုပ်နေပါက ကိဗ်ထိန်းချုပ်မှုအောက်ကျန်နေသေးသည့် အခြားဒေသများကိုပါ စစ်မီးကူးစက်ပြီး ပြာကျသွားလိမ့်မည်ဟု၎င်းကဆိုခဲ့သည်။ယင်းနောက်သတင်းထောက်တစ်ဦးမှ၎င်းအား တာဝေးပစ်လက်နက်များကိုအသုံးပြုခြင်းက မော်စကိုအတွက် ကိဗ်နှင့်ညှိနှိုင်းရန် တွန်းအားဖြစ်စေပါသလားဟုမေးလေရာ အဖြေက ပြောင်းပြန်ပါပဲဟု၎င်းကပြန်ဖြေခဲ့သည်။

ယမန်နေ့ကပင်တဂွန်၏ကြေငြာချက်၌ ယူကရိန်း၏ပစ်ခတ်တိုက်ခိုက်နိုင်မှုအကွာအဝေးကို နှစ်ဆတိုးစေမည့် ဒုံးကျည်သစ်တစ်ခုအား ယခုတစ်ကြိမ်ပေးအပ်မည့် ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံနီးပါးတန်ဖိုးရှိသည့် စစ်ရေးအကူအညီအစီအစဉ်၌ထည့်သွင်းပေးသွားမည်ဟုပါရှိသည်။

တစ်ဖန် ၂၀၁၄ ခုနှစ်ကရုရှားသိမ်းထားနိုင်သည့် ခရိုင်းမီးယားကဲ့သို့သောဒေသများသို့ အမေရိက၏လက်နက်ထောက်ပံ့မှုကြောင့်ယူကရိန်းပြန်ရသွားပါက မည်သို့လုပ်မည်နည်းဟုမေးသောအခါ အဆိုပါကိစ္စအား သမ္မတပူတင်ရှင်းရှင်းလင်းလင်းပြောပြပေးလိမ့်မည်ဟုပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင်ရုရှားအနေဖြင့် လုံးဝလက်လျှော့မည်မဟုတ်ပဲ ယခုပွဲ၌အနိုင်ရရှိရန် မည်သို့သောလက်နက်မျိုးပင်ဖြစ်ပါစေ အသုံးပြုမည်ဟုလည်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here