ရုရှားနှင့်ယူကရိန်းအကျဉ်းသားလဲလှယ်၊ ယူကေစေတနာ့ဝန်ထမ်းနှစ်ဦး၏ရုပ်အလောင်းများယူကရိန်းပြန်ပို့

0
171

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရုရှားနှင့်ယူကရိန်းတို့ သည် အကျဉ်းသား ၂၀၀ နီးပါးထပ်မံလဲလှယ်ခဲ့ကြပြီး ဗြိတိန်စေတနာ့ဝန်ထမ်းနှစ်ဦး၏ ရုပ်အလောင်းများကိုပါ ယူကရိန်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။

ယခုတစ်ကြိမ်လဲလှယ်မှု၌ ယူကရိန်းနိုင်ငံသား ၁၁၆ ဦးပြန်လည်လွတ်မြောက်လာပြီး ရုရှားဘက်မှ ၆၃ ဦးလွတ်မြောက်သွားကြောင်းသိရသည်။ “ကျွန်တော်တို့နိုင်ငံသား စစ်သည်တော် ၁၁၆ ယောက်ကို နောက်တစ်ကြိမ်အောင်အောင်မြင်မြင်နဲ့ လဲလှယ်ရယူနိုင်ခဲ့ပါပြီ” ဟု ယူကရိန်းစစ်ဦးစီးချုပ်ကပြောကြားခဲ့သည်။

စစ်သုံ့ပန်း ၁၁၆ ဦးအပြင် ဗြိတိန်စေတနာ့ဝန်ထမ်း အန်ဒရူးဘက်ဂ်ရှောနှင့်ခရစ်ပယ်ရီတို့၏ ရုပ်အလောင်းများကိုလည်း ယူကရိန်းသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့်လက ယူကရိန်းအရှေ့ပိုင်း၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးကြိုးပမ်းမှုအတွင်း သေဆုံးသွားခြင်းဖြစ်ကြောင်း ပယ်ရီ၏မိသားစုထံမှသိရသည်။

ယခုပြန်လည်လွတ်မြောက်လာသူ ရုရှားစစ်သားများအတွင်း ယူအေအီး၏ကြားဝင်စေ့စပ်မှုဖြင့် ဖလှယ်နိုင်ခဲ့ကြသည့် နာမည်ကြီးရုရှားပုဂ္ဂိုလ်များလည်းပါဝင်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here