မိုင်းခတ်မြို့နယ်တွင်သီးပွင့်ဆဲဘိန်းခင်းများအား တာဝန်ရှိသူများကဖျက်ဆီးခဲ့

0
247

ရှမ်းပြည်နယ်၊မိုင်းခတ်မြို့နယ်၊နောင်လုံးကျေးရွာ အုပ်စု၊ဟိုလင်း(အပေါ်)ရွာတောင်ဘက် ၄ မိုင်ခန့်အကွာတွင် စိုက်ပျိုးထားသည့် သီးပွင့်ဆဲဘိန်းခင်းများအား တာဝန်ရှိသူများကဖျက်စီးခဲ့ကြကြောင သိရသည်။

မိုင်းခတ်မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဖေဖော်ဝါရီ ၄ ရက်နံနက် ၉ နာရီက အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၆ ဒသမ ၅ ဧကအား ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် ဖျက်ဆီးပြီးသည့် ဘိန်းခင်းများနေရာ၌ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးစီမံချက်များရေးဆွဲ၍ ဘိန်းစိုက်ပျိုးခြင်းရပ်တန့်ကာ အခြားစီးပွားဖြစ်သီးနှံများစိုက်ပျိုးရန် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here