ပြင်ဦးလွင်တွင် မောင်းနှင်လာသည့် ကားပေါ်သို့ သစ်ကိုင်းကျိုးကျမှုကြောင့် ယာဉ်မောင်းသေဆုံး

0
372

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းအနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၅ ရက်) နံနက်ပိုင်းကမောင်းနှင်လျက်ရှိသည့် ခွေးဘီလူးအမျိုးအစားကားပေါ် သို့ သစ်ကိုင်းကျိူးကျမှုကြောင့် ယာဥ်မောင်းဖြစ်သူ နေရာတွင်ပင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လဲကျသွားသည့် သစ်ကိုင်းသည် ကားမီးခွက်နားမှတဆင့် ဖောက်၀င်ပြီး အသက် ၅၉ နှစ်အရွယ်ရှိ ယာဥ်မောင်း၏ ၀မ်းဗိုက်ကို ထိုးမိပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

” သူတို့ကားက ပြင်ဦးလွင်ကအပြန်မှာ ဖြစ်တာပါ။သသစ်ကိုင်းကျိုးကျတဲ့အချိန်မှာ ကားကဝင်ဆောင့်မိပြီးဖြစ်သွားတာ၊ သစ်ကိုင်းက ကားခေါင်းခန်း မီးခွက်နားကဖောက်ပြီး ယာဥ်မောင်းဗိုက်ကိုထိုးမိသွားတာဖြး်ပါတယ်” ဟု တုသိတာ လူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

အဆိုပါယာဥ်သည် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ကျောက်မြီးရွာမှဖြစ်သည်ဟုသိရပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်း၏ ဇနီး၊ သမီးနှင့် ကလေးငယ်တစ်ဦး လိုက်ပါလာသော်လည်း ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိကြောင်း၊ သေဆုံးသွားသည့် ယာဉ်မောင်းအား ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here