ရှမ်းပြည်နယ်ရှိ  နောင်ချိုမြို့နှင့်တာချီလိတ်မြို့ နယ်တို့တွင် စိတ်ကြွဆေးပြား ၉၀၀၀၀ ပြားခန့် ဖမ်းမိ

0
205

ရှမ်းပြည်နယ်ရှိ နောင်ချိုမြို့နှင့်တာချီလိတ်မြို့ နယ်တို့တွင် ဖေဖော်ဝါရီ ၄ ရက်နှင့် ၃ ရက်တို့က အသီး သီးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၄ ရက်နံနက် ၉ နာရီက နောင်ချိုမြို့၊ပါဟတ်ရပ်ကွက်၊အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ခွန်ကျိန်(၃၄)နှစ်မောင်းကာ မဖြူသီ (၃၇)နှစ်လိုက်လာသည့် ဆိုင်ကယ်အားစစ်ဆေးရာ ၎င်းတို့ထံမှ စိတ်ကြွဆေးပြား ၃၉၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် မွန်းလွဲ ၂ နာရီခွဲတွင်လည်း နောင်ချိုမြို့ နယ်၊အိုရီယမ်တယ်တိုးဂိတ်အနီး၊လားရှိုး-မန္တ လေးသွားကားလမ်းတွင် သန့်ဇင်ထွန်း(၃၁)နှစ်နှင့်မခင်၀င်းရီ(၄၀)နှစ်တို့ထံမှ စိတ်ကြွဆေးပြား ၁၃၆၀၀ ပြားအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ဖေဖော်ဝါရီ ၃ ရက်နံနက် ၆ နာရီခွဲကလည်း နောင်ချိုမြို့၊ပါဟတ်ရပ်ကွက်၊အိုရီယမ်တယ်တိုးဂိတ်အနီးတွင် အောင်မှီ(ခ)ဖိုးလုံး(၅၉) နှစ်မောင်းလာသည့် ဆိုင်ကယ်အတွင်းဝှက်၍ သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၃၂၆၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၄ ရက်နေ့လည် ၁ နာရီခွဲတွင်လည်း တာချီလိတ်မြို့နယ်၊နာတာလိကျေးရွာနေ အားဂျူး(၂၅)နှစ်၏ နေအိမ်အတွင်းမှ စိတ်ကြွ ဆေးပြား ၄၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ပြီး စစ် ဆေးချက်အရ နေ့လည် ၁ နာရီ ၄၅ မိနစ်တွင် စောလေးကပေါ်ထူး(၃၆)နှစ်အား နာတာလိကျေးရွာရှိ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၆၀၀ ပြားနှင့်အတူထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်များမှ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိသူများအား နောင်ချိုမြို့မရဲစခန်းနှင့်တာချီလိတ်မြို့မရဲစခန်းတို့တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်


LEAVE A REPLY

Please enter your comment!
Please enter your name here