သြစတြေးလျမြစ်ထဲ ရေဆင်းကူးသည့် ဆယ်ကျော်သက်အမျိုးသမီး ငမန်းကိုက်သဖြင့် သေဆုံး

0
161

သြစတြေးလျအနောက်ပိုင်း  ပါ့သ်မြို့ရှိ မြစ်တစ်စင်းတွင် ရေဆင်းကူးသော အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးအား ငါးမန်းတစ်ကောင်က တိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါဆယ်ကျော်သက်အမျိုးသမီးငယ်အား သူရေဆင်းကူးသည့် Swan မြစ်ထဲမှ ဆယ်ယူကယ်တင်ခဲ့သော်လည်း သေဆုံးသွားကြောင်း CNN ၏ သတင်းဌာနခွဲဖြစ်သည့် Nine News ကဖော်ပြခဲ့သည်။

“ဒါဟာ မျက်မြင်တွေ့သူတိုင်းအတွက် အလွန်စိတ်ထိခိုက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ” ဟု အနောက်သြစတေးလျရဲတပ်ဖွဲ့မှ စစ်ဆေးရေးမှူး ပေါလ်ရော်ဘင်ဆန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မိန်းကလေးသည် အနီးနားရှိ လင်းပိုင်တစ်ကောင်နှင့်အတူ ရေကူးခတ်ရန်အတွက် ရေထဲသို့ခုန်ချခဲ့ခြင်းဖြစ်ကြောင်း ရော်ဘင်ဆန်ကဆိုသည်။

ရဲများက သူမကို မြစ်ထဲမှ ဆွဲထုတ်ကာ အသက်ကို ကယ်တင်ရန် ကြိုးစားသော်လည်း အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါမိန်းကလေးအား မည်သည့်ငါးမန်းအမျိုးအစားက တိုက်ခိုက်ခဲ့သည်ဆိုခြင်းကို ယခုအချိန်အထိရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း၊ ဩစတေးလျနိုင်ငံတစ်ဝိုက်ရှိ မြစ်အများစုတွင် တွေ့ရလေ့ရှိသည့် နွားငါးမန်းဖြစ်နိုင်သည်ဟု ဒေသခံမီဒီယာများက ခန့်မှန်းကြသည်။

တရားဝင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here