မြန်မာ့အရေး ကို အထူးတာဝန်ယူရန်  ဗိုလ်ချုပ်ကြီး တစ်ဦး ကို စေလွှတ်မည်သမ္မတဂျိုကိုဝီဆို

0
291

အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှား သမ္မတဂျိုကိုဝီက မြန်မာနိုင်ငံ၏ အမြစ်တွယ်နေသောနိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရန် ကြိုးပမ်းမှု၏တစ်စိတ်တစ်ပိုင်းအနေဖြင့် အင်ဒိုမှထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးကို စေလွှတ်ရန်စီစဉ်နေကြောင်းကြေငြာခဲ့သည်။

ယခုနှစ်အတွက်အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသည် မြန်မာ့အရေးကို ကိုင်တွယ် ရာတွင် မ္ဘောဒီးယားထံမှ ဥက္ကဌရာထူးကိုလွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။

အင်ဒိုကမူ ၁၉၉၈ ခုနှစ်ကစစ်တပ်ကျောထောက်နောက်ခံပြုထားသော New Order (အစီအစဥ်သစ်) အုပ်ချုပ်ရေးပြိုကွဲပြီးနောက် အင်ဒို၏ဒီမိုကရေစီကျင့်သုံးခဲ့ပုံများအားဆွေးနွေးကာ မြန်မာ့အရေးအတွက်ကြိုးပမ်းမည်ဖြစ်ကြောင်း ဂျိုကိုဝီကပြောကြားခဲ့သည်။

သမ္မတက၎င်းရည်မှန်းထားသည့် ပုဂ္ဂိုလ်၏အမည်ကိုမပြောသော်ငြားလည်း ၎င်းသည်အင်ဒိုနီးရှား၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၌ပါဝင်နေသူဖြစ်ကာ တတ်နိုင်သမျှအမြန်ဆုံး မြန်မာသို့စေလွှတ်မည်ဟုပြောကြားခဲ့သည်။

“ဒါက မြန်မာ့အရေးနဲ့ပတ်သက်ပြီး အင်ဒိုက စတင် ချဥ်းကပ်တာပါ၊အင်ဒိုမှာလည်းဒါမျိုး အတွေ့အကြုံရှိပါတယ်၊ အခြေအနေကအတူတူပါပဲ” ဟု သမ္မတကပြောကြားခဲ့သည်။

“အင်ဒိုနီးရှားက သူ့ရဲ့ဒီမိုကရေစီကို ဘယ်လိုစတင်ခဲ့တယ်ဆိုတဲ့အတွေ့အကြုံကတစ်ဆင့် မြန်မာ့အရေးကိုလည်းကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်” ဟုလည်းဆိုခဲ့သည်။

Source : The Deplomat


LEAVE A REPLY

Please enter your comment!
Please enter your name here