တိုင်းနှင့်ပြည်နယ် ၅ ခု၌ ဖေဖော်ဝါရီ၆ ရက် (မနက်ဖြန်)တွင် မိုးရွာသွန်းနိုင်ဟု မိုးဇလထုတ်ပြန်

0
534

မြန်မာနိုင်ငံ၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဖေဖော်ဝါရီ ၅ ရက်(ယနေ့)တွင် မိုးလေဝသနှင့်ပတ်သက်၍ တိုင်းထွာရရှိချက်များအား ညနေ ၄ နာရီကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မိုးဇလ၏ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၆ ရက်(မနက်ဖြန်)တွင် တနင်္သာရီတိုင်းတွင် နေရာကျဲကျဲနှင့်ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်း၊နေပြည်တော်၊မန္တလေးတိုင်းတို့မှာ မိုးဇလ၏တိုင်းထွာချက်များအရ ဖေဖော်ဝါရီ ၆ ရက်(မနက်ဖြန်)တွင် ရာသီဥတုသာယာမည်ဖြစ်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်​လျှောက်နှင့်ကမ်း လွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် (၄)ပေမှ (၆)ပေခန့်အထိရှိမည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here