ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော်ရရှိထား

0
198

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ကိုးလကျော်ကာလအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

အဆိုပါတင်ပို့မှုသည် ဧပြီလ ၁ ရက်မှ ဇန်နဝါရီလ ၂၇ ရက်အထိ ရရှိထားသည့် ပို့ကုန်ဝင်ငွေဖြစ်ကြောင်း ၊ ယင်းအပြင် ပြည်ပတင်ပို့သည့် ပို့ကုန်ပစ္စည်းအမယ်များထဲတွင် စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ ဝင်ငွေအများဆုံးရရှိထားခြင်းဖြစ်ကြောင်း စာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း၌ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ရရှိထားပြီး လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ဖြင့် ဒုတိယအများဆုံး ဝင်ငွေရရှိထားခြင်းဖြစ်သည်။

ယင်းအပြင် ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၁၃ ဒသမ ၅၉ ဘီလီယံရရှိထားပြီး အခြားကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၈၁ ဒသမ ၄၇ သန်း၊ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈၈ ဒသမ ၃၈ သန်း၊ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ၈၂ သန်း၊ တိရိစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၂၃ သန်းဖြင့် အနည်းဆုံးပို့ကုန် ဝင်ငွေရရှိထားခြင်းဖြစ်သည်။

ပြည်ပနိုင်ငံတွေကနေ သွင်းကုန်တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း နှင့် CMP (အထည်အလိပ်) တို့ကိုပြန်လည်တင်သွင်းခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် ကုန်သွယ်မှုလုပ်ငန်းအများဆုံးပြုလုပ်ထားသော်လည်း ယခုဘဏ္ဍာနှစ်တွင် တရုတ်ကိုကျော်တတ်၍ ထိုင်းနိုင်ငံနှင့် အများဆုံးကုန်သွယ်မှုဝင်ငွေရရှိထားဖြင်းဖြစ်ကြောင်း ဖော်ပြထားသည့် စာရင်းတွေအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here