ကမ္ဘာ့ရွှေဈေး အတက်အကျရှိပေမယ့် ပြည်တွင်းရွှေဈေးကွက် ပုံမှန်အတိုင်းဖြစ်

0
158

ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးမှာအတက်အကျရှိသော်လည်း ပြည်တွင်းရွှေဈေးကွက်အတွင်း၌ ပုံမှန်အတိုင်းဈေးကွက်အေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ဈေးကတော့ပုံမှန်လိုဖြစ်နေတယ်။ အေးလည်းအေးတယ်။ အရောင်းများတယ်။ ကမ္ဘာ့ရွှေဈေးအတက်အကျရှိနေပေမယ့် ပြည်တွင်းမှာတော့ ပုံမှန်လိုပဲဈေးက ငြိမ်နေတယ့်သဘောတော့ရှိပါတယ်။ အသင်းကရည်ညွှန်းဈေးကတော့ အစိုးရသတ်မှတ်တဲ့ ၂၁၀၀ နဲ့တွက်တယ်။ အပြင်မှာကျတော့ တစ်ဒေါ်လာကို ၂၈၀၀ နဲ့တွက်တော့ ဈေးနည်းနည်းကွာတာပေါ့။ နောက်ပိုင်းကျရင်တော့ အသင်းကထုတ်တဲ့ရည်ညွှန်းဈေးနဲ့ အပြင်ကဈေးနှုန်းတူသွားမှာပါ”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန်ငွေလဲနှုန်းမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ဈေးအနည်းငယ်မြင့်တက်လာပြီး ပြင်ပရွှေဈေးကွက်ထဲတွင် အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားကို ၂၈ သိန်းအထက်တွင် ရှိနေကြောင်း သိရသည်။

ယနေ့(ဖေဖော်ဝါရီလ ၆ ရက်) ကမ္ဘာ့ရွှေဈေးတစ်အောင်စတွင်ဒေါ်လာ ၁၈၇၄ ဖြစ်ပြီး ငွေလဲနှုန်းမှာလည်း တစ်ဒေါ်လာကို ၂၈၅၀ ကျပ်ဖြစ်ကြောင်း၊ ယင်းအပြင် အသင်းကထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းမှာလည်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင် ၂၂၀၇၈၀၀ ရှိကြောင်းသိရသည်။ အဆိုပါရည်ညွှန်းဈေးသည် ကြမ်းခင်းဈေးသာသတ်မှတ်ပေးထားခြင်းဖြစ်ပြီး ပြင်ပဈေးကွက်တွင် ကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြင့် ရောင်းချနေကြကြောင်း သိရသည်။ လက်ရှိပြင်ရွှေဈေးကွက်အတွင်းရှိ ဈေးနှုန်းမှာ အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင် ၂၈၃၈၀၀၀ ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here