ပြည်မြို့၊ ဧရာဝတီမြစ်အတွင်း ရေဆင်းကူးသည့်အသက် ၁၅ နှစ်အရွယ် လူငယ် (၃)ဦးရေနစ်ပြီး (၁)ဦးသေဆုံး

0
191

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကမ်းနားပန်းခြံအနီး ဧရာဝတီမြစ်အတွင်းသို့ ယမန်နေ့ (ဖေဖော်ဝါရီ ၅ ရက်) က ရေဆင်းကူးသည့် အသက် (၁၅ နှစ်) အရွယ် လူငယ် ၃ ဦး ရေနစ်မှုဖြစ်ပွားကာ (၁) ဦး သေဆုံးကြောင်း မြန်မာနိုင်ငံ လူမူကယ်ဆယ်ရေးအဖွဲ့ ပြည် ထံမှသိရသည်။

ယမန်နေ့ ညနေပိုင်းကက အသက် ၁၅ နှစ်အရွယ် လူငယ် ၃ ဦးသည် ရေဆင်းကူးရာမှ ရေနစ်နေသည့်အတွက် ဒေသခံများနှင့် ပရဟိတအဖွဲ့၀င်များကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ ၂ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သော်လည်း ၁ ဦးမှာ သေဆုံးသွားခဲ့သည်။

”သူငယ်ချင်း ၃ ယောက် ရေလာကူးကြတာ ရေနစ်နေတာကိုတွေ့လို့ အနီးအနားကလူတွေက အရင်ကူညီကယ်ဆယ်တာ‌တွေလုပ်တယ်၊ ကျွန်တော်တို့ရောက်လာပြီးနောက်မှာ ၂ ယောက်ကို အသက်ရှင်လျက် ကယ်နိုင်ခဲ့တယ် ၊ ၁ ယောက်ကတော့ သေဆုံးသွားပါတယ်” ကူညီကယ်ဆယ်ရေးတွင် ပါ၀င်ခဲ့သူတစ်ဦးက ပြောသည်။

ရေနှစ်သေဆုံးသွားသည့် လူငယ်မှာ ခေတ္တရာမြို့၊ သစ်စက်ကြီးဝန်းနောက်တွင်နေထိုင်သည့် အသက် ၁၅နှစ်အရွယ် မောင်လှထွေးဆိုသူဖြစ်ပြီး ရုပ်အလောင်းကို ပြည်မြို့ပြည်သူဆေးရုံကြီးသို့ ပရဟိတအသင်းကားဖြင့် ပို့ဆောင်ကူညီခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ – ပရဟိတပါရမီ လူမှူကယ်ဆယ်ရေးအသင်း ပြည်မြို့


LEAVE A REPLY

Please enter your comment!
Please enter your name here