Mobile စနစ်ဖြင့် နိုင်ငံကူးလက်မှတ်အသစ် စာအုပ်ထုတ်ယူနိုင်ရန် ယနေ့စတင်စာရင်းသွင်းရမည်

0
262

နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ရမည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀ ဝန်းကျင်ရှိသည့် စက်ရုံများအနေဖြင့် သတ်မှတ်စာရင်းပုံစံများအတိုင်းဖြည့်စွက်ပြီး ဉီးမျိုးဇော်သောင်း၊ ကောင်စစ်အရာရှိ၊ သံရုံးသစ်တွင် ယနေ့(ဖေဖော်ဝါရီ ၆) ရက်မှစတင်ကာ စာရင်းတင်သွင်းနိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၏ စက်ရုံ၊ အလုပ်ရုံနှင့် ဆောက်လုပ်ရေးကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သက်တမ်းကုန်နိုင်ငံကူးလက်မှတ်များအသစ် ပြုလုပ်ပေးရေးအတွက် အရာထမ်း ၁၂ ဦးသည် မြန်မာသံရုံးမှ Mobile စက် ၂ စုံနှင့်အတူ ဇန်နဝါရီလ ၃၀ ရက်မှစတင်၍ အင်အား ၁၀၀၀ နှင့်အထက်ရှိသော စက်ရုံများသို့ သွားရောက်ပြီး အချက်အလက်ကောက်ယူခြင်းကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

အဆိုပါ စက်ရုံများသည် ဖေဖော်ဝါရီလမကုန်မီ ပြီးစီးမည်ဖြစ်၍ နိုင်ငံကူးလက်မှတ်အသစ် လုပ်ပေးရမည့် မြန်မာလုပ်သား ၅၀၀ မှ ၁၀၀၀ အကြားရှိသော စက်ရုံများအနေဖြင့် သတ်မှတ်စာရင်းပုံစံများအတိုင်း လျှောက်လွှာတင်သွင်းရမည်ဖြစ်ပြီး လျှောက်လွှာတင်သွင်းခြင်းကို ၁၇ ရက်နေ့တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ယင်းအပြင် ပြည်ပတွင် အလုပ်လုပ်ကိုင်ရန်မဟုတ်ဘဲ ရောက်ရှိနေထိုင်သူများအနေဖြင့် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပါက အခြားသက်ဆိုင်ရာ နိုင်ငံကူးလက်မှတ်အမျိုးအစားများ ပြောင်းလဲလျှောက်ထားရန် သက်ဆိုင်ရာသံရုံးများမှ အသိပေးထားပြီး နိုင်ငံကူးလက်မှတ်များ ပြောင်းလဲလျှောက်ထားရာတွင်လည်း ပညာသင်ကြားနေသူများဖြစ်ပါက (PE) အမျိုးအစား၊ နိုင်ငံခြားသားနှင့် လက်ထပ်၍ မှီခိုနေထိုင်သူဖြစ်ပါက (PT)အမျိုးအစားတို့ကို ပြောင်းလဲလျှောက်ထားရန်လိုအပ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here