Pfizer ထုတ် Booster ဆေးထိုးပြီးနောက် ထိုင်းဘုရင့်သမီးတော်ကြီး သတိလစ်သွားသဖြင့် ၎င်းဆေးကိုထိုင်းနိုင်ငံ၌တားမြစ်

0
276

ထိုင်းနိုင်ငံဘုရင့်သမီးတော်ကြီးသည်Pfizer ထုတ် booster ဆေးထိုးပြီးရက်ပိုင်းအကြာ၌ သတိလစ်ကာ ကိုမာဝင်သွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုင်းနိုင်ငံ့ထီးနန်းအား ဆက်ခံရဖွယ်ရှိသည့် မင်းသမီးဘာဂျရာကေတီရာဗာသည် ယခုကဲ့သို့ သတိလစ်လဲကျသွားပြီးနောက် စိုးရိမ်ရသည့်အနေအထားတွင်ရှိနေသည်ဟုဖော်ပြကြသည်။

အချို့သောသတင်းများတွင် သူသည် နှလုံးရောဂါခံစားနေရကြောင်း ပြောကြားခဲ့သော်လည်း မိသားစုကမူ ၎င်းသည် ဘက်တီးရီးယားကူးစက်ခံရသည့်အနေအထားမျိုးဖြစ်သည်ဟုဆိုသည်။

လဲကျသွားချိန်မှစ၍ ခြောက်ပတ်အကြာအထိ မင်းသမီးသည် သတိလစ်မေ့မြောနေသေးသော်လည်း စက်များ၏အကူအညီဖြင့် အသက်ရှင်နေသေးသည်။

ထိုင်းတော်ဝင်မိသားစုကမူ ယခုအခါ မင်းသမီးသည် booster ဆေး၏ ဓားစာခံဖြစ်လာသည်ဟု အသိပေးထားသည်။

ဘုရင့်အကြံပေးများ အပါအဝင် ထိုင်းထိပ်တန်းအာဏာပိုင်များသည် ပရော်ဖက်ဆာ ဆူရှာရစ်ဘာဂတီနှင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး Pfizer နှင့်စာချုပ်များကိုဖျက်သိမ်းကြောင်းကြေငြာရန်ပြင်ဆင်နေကြောင်း သတင်းများအရသိရှိရသည်။

အကယ်၍ ထိုသို့အမှန်တကယ်ဖြစ်လာပါက ထိုင်းနိုင်ငံသည် စာချုပ်ဖျက်သိမ်းလိုက်သည့် ပထမဆုံးနိုင်ငံဖြစ်လာကာ Pfizer သည် ၎င်း၏ ကာကွယ်ဆေးကြောင့်ထိခိုက်မှုအားလုံးကို တာဝန်ယူရမည်ဖြစ်သည်။

Source : European Union Times


LEAVE A REPLY

Please enter your comment!
Please enter your name here