နစက ဥက္ကဋ္ဌက ပန်းတ​နော်ရှိ ယုဇန ဦး​ဌေးမြင့်၏ ​​ရေလုပ်ငန်းစီမံကိန်းကြီးသို့သွား​ရောက်

0
329

နစက ၏ အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေးတို့ဖြစ်​ကြောင်း ဖေဖော်ဝါရီ ၆ ရက်မွန်းလွဲပိုင်းက ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်သို့​ရောက်ရှိ​နေသည့် နစက ဥက္ကဌက ​ပြောကြားလိုက်သည်။

“အတတ်နိုင်ဆုံး ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်ငန်းတွေကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရပါမယ်၊ မွေးမြူရေးလုပ်ငန်းဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုပါတယ်၊ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်က ကူညီအားပေးဖို့ ဖွံ့ဖြိုးတိုးတက်စေဖို့ အာမခံထားပါတယ်၊ ပူးပေါင်းစွမ်းအားနဲ့ နိုင်ငံ့စီးပွားရေးတိုးတက်စေရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလုပ်အကိုင်အခွင့်လမ်းများစွာ ​ဖော်​ပေးနေသည့်Global Earth Agro & Aqua Industry Public Co., Ltd ၏ လုပ်ငန်းဆောင်ရွက်နေမှုများအား နစက ဥက္ကဋ္ဌက သွားရောက်ကြည့်ရှုစစ်ဆေးစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီ တိုင်းဒေသကြီး၊ ပန်းတနော်မြို့ နယ်၊ မိုးကုတ်ဒီးဒုတ်ကွင်းအတွင်း၌ သိပ္ပံနည်းကျ အဆင့်မြင့်ခေတ်မီငါးသားဖောက်ခြင်းနှင့် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ငါးမွေးမြူခြင်း၊ ကုန်ချောပြုပြင်ထုတ်လုပ်ခြင်း၊ ငါးပေါင်းမှုန့်နှင့် အစာတောင့်ထုတ်လုပ်ခြင်းတို့ပါဝင်သည့် အဆိုပါ စီမံကိန်းကြီးလုပ်​ဆောင်​နေ​သော ကုမ္မဏီ၏ဥက္ကဌမှာ ယုဇနဦး​ဌေးမြင့် ဖြစ်သည်။

သိပ္ပံနည်းဖြင့် ငါးတန် အထီး၊ အမ (Breeders) တစ်သိန်း နှစ်သောင်းကို ပြုစုထားရှိပြီး နေ့စဉ် ငါးသားပေါက် (ငါးမှုန်) သိန်း ၄၀ ကောင်ရေကို ထုတ်လုပ်လျက်ရှိကြောင်း၊ လက်ရှိ အချိန်တွင် ငါးသန်/ငါးဖြန်း ကောင်ရေ သိန်း ၂၅၀ ခန့်နှင့် အသားတိုးငါး ကောင်ရေ သိန်း ၂၅၀ ခန့်အား မွေးမြူထားရှိကြောင်း၊ စီမံကိန်းတစ်ခုလုံး ပြီးစီးပါက မြန်မာ့ရေလုပ်ငန်းစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသအတွင်းရှိ တစ်ဦးချင်းစီ၏ ဝင်ငွေများလည်း တိုးတက်လာနိုင်မည်ဖြစ်​​ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here