တူကီယေးနှင့်ဆီးရီးယား၌ ငလျင်ကြောင့်သေဆုံးသူ ၃,၇၀၀ ကျော်ရှိလာပြီဖြစ်

0
129

ရာစုနှစ်တစ်စုစာနီးနီးအချိန်အတွင်း အင်အားအကြီးဆုံးဖြစ်သည့် ငလျင်သည်တူကီယေးနှင့်ဆီးရီးယား၌လှုပ်ခတ်ခဲ့ရာ ယခုအချိန်အထိ သေဆုံးသူ ၃,၇၀၀ ကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါငလျင်သည် အင်အား ၇ ဒသမ ၈ ရစ်ခ်တာစကေးဖြင့်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ ညအချိန်လှုပ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသူများပြားခဲ့သည်။သို့သော် ယခုသေဆုံးနှုန်းသည် တစ်သောင်းကျော်ထိထပ်မံမြင့်တက်လာနိုင်သည်ဟုလည်းခန့်မှန်းထားကြသည်။

လက်ရှိတွင်ကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကာ သေဆုံးမှုထပ်တိုးလာနိုင်သည်ဟုလည်း သမ္မတအာဒိုဂန်ကပြောကြားခဲ့သည်။ရာသီဥတုလည်းအေးသဖြင့် ကယ်ဆယ်ရေးသမားများ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာ၌ အခက်အခဲတွေ့နေကြရသည်။

အသက်ရှင်သူများအား အပျက်အစီးများကြားမှ အသည်းအသန်ဆွဲထုတ်ကာ ကယ်ဆယ်နေကြရသည်။ငလျင်ဒဏ်ကြောင့် သမိုင်းဝင်အဆောက်အအံုအချို့လည်းထိခိုက်ပျက်စီးခဲ့ကြောင်းဖော်ပြထားသည်။

“ကျွန်တော်တို့ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေတုန်း အပျက်အစီးတွေအောက်ပိတ်မိနေသူတွေရဲ့ အော်ဟစ်အကူအညီတောင်းသံတွေကို ဟိုနားကကြားရ ဒီနားကကြားရနဲ့ ရသလောက်ကယ်ဆယ်ရေးလုပ်ငန်းဆက်လုပ်နေပေမဲ့ အတော်များများက ပိတ်မိနေနိုင်သေးတယ်” ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့သည်။

လက်ရှိအချိန်၌ မီးများလဲပြတ်တောက်နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ထင်သလောက်ခရီးမပေါက်ဘဲ အန္တရာယ်များသည်ဟုလည်းပြောကြားခဲ့သည်။ တူကီယေးသည် ငလျင်မကြာခဏလှုပ်လေ့ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကာ ၁,၉၉၉ ခုနှစ်ကလှုပ်ခဲ့သည့်ငလျင်ကြောင့် လူပေါင်း ၁၇,၀၀၀ ကျော်လည်းသေဆုံးခဲ့ဖူးသေးသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here