ပြင်ဦးလွင်မြို့တွင် ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသား ၂ ဦး၏ရုပ်အလောင်းများတွေ့ရှိ

0
210

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့တွင် ဖေဖော်ဝါရီ ၇ ရက်(ယနေ့)နံနက်ပိုင်းက ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသား ၂ ဦး၏ရုပ်အလောင်းများအားတွေ့ရှိခဲ့ရသည်ဟု သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့၊ချယ်ရီလမ်းနှင့်(၁၇)လမ်းထိပ်၊ပန်းချယ်ရီ-ဟိုတယ်အနီးရှိ ကားလမ်းပေါ်တွင် အမျိုးသားတစ်ဦး၏ရုပ်အလောင်းနှင့်လမ်းဘေးတွင် အမျိုးသားတစ်ဦး၏ရုပ်အလောင်းတို့အား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“အလောင်း ၂ လောင်း‌တွေ့တယ်လို့ အဲဒီနားက လူတွေက အကြောင်းကြားတာနဲ့သွားသယ်ပေးခဲ့တာပါ ၂ ယောက်လုံးက ထိုးသွင်းဒဏ်ရာတွေနဲ့သေဆုံးနေတာပါ ဘယ်သူတွေဆိုတာကို စုံစမ်းနေဆဲပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများအား သန္တိ သုခ အခမဲ့လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သန္တိသုခအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here