ထိုင်းတွင် ၁၃၁ ပေနက်သည့် မြေအောက်ပိုက်လိုင်းထဲကျသွားသည့် မြန်မာလုပ်သားတစ်ဦး၏ အသက် တစ်နှစ် ၇ လအရွယ်ရှိ ကလေးကို အချိန် ၁၈ နာရီကျော်ကြာတွင်ကယ်ဆယ်နိုင်ခဲ့

0
258

ထိုင်းနိုင်ငံ တက်ခ်ခရိုင် မဲဆောက်မြို့ရွန်ကလာအိုဆီမစ်ရွာမှ မြန်မာလုပ်သားတစ်ဦး၏ အသက် တစ်နှစ် ၇ လ အရွယ်ရှိ မိန်းကလေးတစ်ဦးသည် ၁၃၁ ပေနက်သည့် မြေအောက်ပိုက်လိုင်းထဲကျသွားပြီး အချိန် ၁၈ နာရီကျော်ကြာတွင်ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းမီဒီယာ The Reporters တွင် ဖော်ပြထားသည်။

တောင်ယာလုပ်ငန်းလုပ်က်ိုင်သည့် မြန်မာလုပ်သားမိဘများ၏ သမီးလေးသည် ဖေဖော်ဝါရီ ၆ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၀ မိနစ်တွင် ပိုက်တွင်းထဲကျသွားခဲ့သည်ကို ဘုန်းကြီးများက သတိထားမိသည့်အတွက် ကယ်ဆယ်ရေးဝန်ထမ်းများကို အကူအညီတောင်းခံခဲ့ရာ အချိန် ၁၈ နာရီကျော်တွင် အသက်ရှင်လျက် ကယ်တယ်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမြေအောက်ပိုက်လိုင်းသည် အကျယ် ၃၀ စင်တီမီတာ၊ အနက်က မီတာ ၄၀ အထိရှိသော်လည်း ကျသွားသည့် ကလေးသည် တွင်း၀မှ ၁၀ မီတာအကွာတွင် ရှိနေခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၅၄ မိန်အချိန်တွင် အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် ဆေးရုံတွင်ဆေးကုသမှု ခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။

Ref: TheReporters


LEAVE A REPLY

Please enter your comment!
Please enter your name here