ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁၈ ဦးအား ဒဂုံဆိပ် ကမ်းရှိ ရိုးမရိပ်သာ၌အသွားအလာစောင့်ကြည့်

0
180

ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၇၉ ဦးအနက် ရန်ကုန်တိုင်းမှ ၁၁၈ ဦးအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရိုးမရိပ်သာ၌အသွားအလာကန့်သတ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၉၈ ဦးနှင့်အမျိုးသမီး ၂၀ ဦး(စုစုပေါင်း ၁၁၈ ဦး)တို့အား ရိုးမရိပ်သာ Quartine Center ရှိ တိုက်အမှတ်(၆၄ နှင့် ၆၅)တို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

အသွားအလာကန့်သတ်စောင့်ကြည့်ခံယူရန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁၈ ဦးတို့သည် ဖေဖော်ဝါရီ ၅ ရက်ကရောက်ရှိလာခဲ့ကြခြင်းဖြစ်ပြီး ရန်ကုန်တိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန် ကြီးဗိုလ်မှူးကြီးဝင်းတင့်၊လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့်တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။

“လက်ရှိကတော့ အမျိုးသား အမျိုးသမီး သတ်သတ်ခွဲပြီးစောင့်ကြည့်နေပါတယ် သူတို့အတွက်လိုအပ်တာတွေလည်း ကျွန်တော်တို့ကကူညီပြီးလုပ်ပေးနေပါတယ်”ဟု ဒဂုံဆိပ်ကမ်းမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here