ပြီးခဲ့သည့်အခေါက်က တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းများအား သတိမပြုမိခဲ့ဟု အမေရိကန်ဗိုလ်ချုပ်ကြီးပြောလာ

0
162

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၇

အမေရိကန်စစ်တပ်သည် ဇန်နဝါရီလ ၂၈ ရက်နေ့က ထွက်ပေါ်လာသော မိုးပျံပူဖောင်း မတိုင်ခင် ပြီးခဲ့သည့်အခေါက်က အမေရိကပေါ်သို့ ဖြတ်သန်းသွားခဲ့သော မိုးပျံပူဖောင်းများကို သတိမပြုမိခဲ့ကြောင်း တရုတ် ထောက်လှမ်းရေး မိုးပျံပူဖောင်းကို ဖျက်ချရာတွင် တာဝန်ယူခဲ့သော အမေရိကန် အကြီးတန်း ဗိုလ်ချုပ်ကြီးက ပြောကြားခဲ့သည်။

တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းများသည် အမေရိကပေါ်သို့ ခဏတာ ဖြတ်သန်းသွားလေ့ရှိပြီး သမ္မတထရမ့် လက်ထက်တွင် အနည်းဆုံး သုံးခါနှင့် သမ္မတဘိုင်ဒန် လက်ထက်တွင် ယခုတစ်ခါ ဖြတ်သန်းသွားကြောင်း ပင်တဂွန်က ပြီးခဲ့သည့် အပတ်တွင် ပြောကြားထားသည်။

အဆိုပါ မိုးပျံပူဖောင်းသည် ၆၀ မီတာ အမြင့်ရှိပြီး အလေးချိန် ပေါင်နှစ်ထောင် သယ်ဆောင်နိုင်သည်ဟု လေတပ်ဗိုလ်ချုပ်ကြီး ဂလန် ဗင်ဟတ်ခ်က ဆိုသည်။

“အဲဒီလို အန္တရာယ်တွေကို ကျွန်တော်တို့ သတိမပြုမိခဲ့ကြဘူး၊ အဲဒါဟာ အသိအမြင်ပိုင်းမှာ လိုအပ်ချက်ရှိနေတာ ဖြစ်ပါတယ်” ဟု ဗန်ဟတ်ခ်က ပြောခဲ့သည်။

အရင်အခေါက် ဖြတ်သန်းသွားသော မိုးပျံပူဖောင်းများကို မည်သို့ကောက်ချက်ချ တွက်ချခဲ့ကြောင်းကို ဗန်ဟတ်ခ်က အသေးစိတ်ဖော်ပြခြင်းမရှိခဲ့ပေ။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here