CB Bank မှ ဘဏ်လုပ်ငန်းဝန်ဆောင်မှုအချို့ အသုံးပြု၍မရနိုင်သေးဟု ကြေညာ

0
199

MPT ၏ လက်ရှိကြုံတွေ့နေရသော နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကြောင့် CB Bank ၏ အချို့သော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအား လတ်တလော အသုံးပြု၍ရနိုင်မည်မဟုတ်ကြောင်း CB Bank မှအသိပေးထုတ်ပြန်ထားသည်။

CB Bank အနေ​ဖြင့် ဝန်ဆောင်မှုများ အမြန်ဆုံးပြန်လည်ရရှိနိုင်ရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း အသိပေးထုတ်ပြန်ချက်တွင် ပါရှိသည်။

ယနေ့မနက်ပိုင်းMPT Exchange ရုံးမီး‌လာင်ခဲ့ပြီးနောက် ရန်ကုန်မြို့အပါအဝင်ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် MPT ဒေတာများ၊ WiFi များ၊ ဖုန်းလိုင်းများပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

MPT မှ ၀န်ဆောင်မှုပေးလျက်ရှိသော MPT Call Center ၊ ဖိုင်ဘာအင်တာနက်များ၊ မိုဘိုင်းလ် အင်တာနက်များ၊ မိုဘိုင်းလ်နှင့် တယ်လီဖုန်းဆက်သွယ်ရေးများ လတ်တ​လောတွင် အခက်အခဲများ ဖြစ်ပေါ်နေခြင်းကို တောင်းပန်စာထုတ်ပြန်ထားပြီး အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နေကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here