တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေးကဏ္ဍ ကိုဗစ်ကာလမတိုင်ခင် အခြေအနေ ပြန်‌ဖြစ်ရန် အချိန်စောင့်ရမည်ဟုဆို

0
172

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး လမ်ကြောင်းများအ နက် မြန်မာ – တရုတ်နယ် စပ်ကုန်သွယ်ရေးကဏ္ဍကို ကိုဗစ်ကာလ မတိုင်ခင်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အချိန်စောင့်ရဦးမည်ဖြစ်ကြောင်း မူဆယ်နယ်စပ်ကုန် သည်များထံ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် တရုတ်နှစ်သစ်ကူးပွဲတော်ကြောင့် နယ်စပ်ကုန်သွယ်ရေးသည် (၇၅) ရာခိုင်နှုန်းနီး ပါး ရပ်တန့်ခဲ့ပြီး ယခု ဖေဖော်ဝါရီလဆန်းပိုင်း ရောက်မှသာ ပုံမှန်အခြေအနေသို့ ပြန်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“နယ်စပ်ကုန်သွယ်ရေး အခြေအနေကတော့ တော်တော်လေးတော့ ကောင်းလာပါပြီ။ ပုံမှန်အတိုင်းတော့မဖြစ်သေးဘူး။ နေ့စဉ်အစီးရေ ၁၂၀ လောက်ဝင်ထွက်သွားလာနေတယ်။ ကိုဗစ်မတိုင်ခင်အခြေအနေကို ပြန်ရောက်ဖို့ဆိုရင် တရုတ်ဘက်ကဖွင့်တဲ့ နယ်စပ်ဂိတ်တွေပေါ်မူတည်တယ်။ အရောင်းအဝယ်ကောင်းတဲ့ အပေါ်မူတည်တယ်။ နည်းနည်းလေးတော့ အချိန်စောင့်ရမှာပေါ့” ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောသည်။

ယခုဘဏ္ဍာနှစ် (၉)လကျော်အတွင်း မြန်မာ – တရုတ်နယ် စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၉ ဘီလီယံကျော် ကုန်သွယ်မှုပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စသည့် လယ်ယာထွက်ကုန်ပစ္စည်းအပါအဝင် ရော်ဘာ၊ ကြက်သွန်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိသည့်ကုန် ပစ္စည်းများကို တရုတ်ပြည်သို့ တင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက် ပစ္စည်း၊ စားကုန်သောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here