သားအဖနှစ်ဦးစကားများရန်ဖြစ်စဥ် သားဖြစ်သူမှဓားဖြင့်ထိုး၍ ဖခင်ဖြစ်သူသေဆုံးခဲ့မှု အုတ်တွင်းမြို့နယ်တွင်ဖြစ်ပွား

0
205

ပဲခူးတိုင်း၊အုတ်တွင်းမြို့နယ်၊ပေါက်တောကျေး ရွာတွင် ဖေဖော်ဝါရီ ၆ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရန်ခုန်သံရှင်ရေးကူညီမှုအသင်းမှ သိရသည်။

ယင်းနေ့ည ၉ နာရီခန့်က အုတ်တွင်းမြို့နယ်၊ပေါက်တောကျေးရွာတွင် သားအဖနှစ်ဦးဖြစ်သည့် ဦးဆန်းဝင်းနှင့်ကိုရဲလင်းစိုးတို့ စကားများရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စကားများရန်ဖြစ်စဥ် သားဖြစ်သည့် ကိုရဲလင်းစိုးမှ ဖခင်ဖြစ်သူဦးဆန်းဝင်းအား ဓားဖြင့်ထိုးခဲ့သဖြင့် ဦးဆန်းဝင်းမှာထိုးသွင်းဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အလောင်းကို ကမ်းမယ့်လက်များအသင်းက အုတ်တွင်းဆေးရုံရင်ခွဲရုံကိုပို့ပေးခဲ့ပါတယ် သက် ဆိုင်ရာဆရာဝန်ကြီးတွေက ရင်ခွဲစစ်ဆေးတာတွေလုပ်ခဲ့ပါတယ်”ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

သေဆုံးသူ ဦးဆန်းဝင်း၏ ရုပ်အလောင်းအား သက်ဆိုင်ရာဆရာဝန်ကြီးများ၏ ရင်ခွဲစစ်ဆေးမှုပြီးနောက် ရှင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ ဖေ ဖော်ဝါရီ ၇ ရက်(ယနေ့)နံနက်ပိုင်းတွင် အုတ်တွင်းမြို့၊အနောက်သုသာန်သို့ မိသားစုဝင်များ၏ဆန္ဒအရပို့ဆောင် သဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here