နေပြည်တော်ရှိ အိမ်ခြံမြေဝယ်ယူမှုများ နှစ်သစ်ကူးကာလအပြီး၌သိသာစွာမြင့်တက်လာ

0
364

နေပြည်တော်ရှိ အိမ်ခြံမြေဝယ်ယူမှုများ နှစ်သစ်ကူးကာလအပြီး၌သိသာစွာမြင့်တက်လာသဖြင့် အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း မြန် မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း(MRPDA)မှ သိရသည်။

ထိုသို့ နေပြည်တော်ရှိ အိမ်ခြံမြေများသိသာစွာအ ရောင်းအဝယ်မြင့်တက်လာခြင်းမှာ သွားလာရေးအဆင်ပြေခြင်း၊နေထိုင်မှုကျယ်ဝန်းခြင်း၊လူရှုတ်ထွေးမှုမရှိခြင်းနှင့်လျှပ်စစ်မီးရရှိမှုမှန်ခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရသည်။

“လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က ဒက္ခိဏသီရိမြို့နယ်မှာ ပေ ၈၀ ပိတ်လည်လောက်ခြံဝင်းကို သိန်း ၃၀၀/၄၀၀ လောက်နဲ့ရတယ် အခုနှစ်သစ်ကူးကာလအပြီးမှာ အဲ့စျေးနဲ့မရတော့ဘူး သိန်း ၈၀၀ ကနေ ၁၀၀၀ လောက်အထိစျေးတက်သွားပြီ”ဟု မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုး တက်ရေးအသင်း(MRPDA)ဥက္ကဋ္ဌဦးအောင်ထွန်းကပြောသည်။

နေပြည်တော်ရှိ အိမ်ခြံမြေများအား လာရောက်ဝယ်ယူသူအများစုမှာ ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့မှဖြစ်ပြီး နှစ်သစ်ကူးကာလအပြီး၌ အိမ်ခြံမြေအရောင်းအဝယ်နှင့်ပြောင်းရွှေ့နေထိုင်မှုအများအပြားရှိကြောင်း သိရသည်။

“အဓိက ရန်ကုန်နဲ့မန္တလေးကကြတော့ နေရထိုင်ရတာခြံဝန်းကျယ်မရှိရင်မွန်းကြပ်တယ် နေပြည် တော်မှာကြတော့ ခြံဝင်းနဲ့ဆိုတော့ မွန်းကြပ်မှုမရှိဘူး လွတ်လပ်တယ်ပေါ့ ဒါ့ကြောင့် နေပြည်တော်က အိမ်ခြံမြေတွေအရောင်းအဝယ်ပိုများလာတာ” ဟု MRPDA ဥက္ကဋ္ဌဦးအောင်ထွန်းကပြောသည်။

နှစ်သစ်ကူးကာလအပြီး၌ အိမ်ခြံမြေအရောင်းအဝယ်များပိုမိုများပြားလာသဖြင့် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း (MRPDA)မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ငွေ ကြေးခဝါချမှုတိုက်ဖျက်ရေး(ဗဟို)အဖွဲ့နှင့်ပူး ပေါင်း၍ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဥပဒေနှင့်အိမ်၊ခြံ၊မြေအကျိုးဆောင်များဆိုင်ရာတို့အား ဟော ပြောပို့ချခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here