စီးပွားရေးခိုင်မာတောင့်တင်း အားကောင်းလာစေရေးအတွက် အာဆီယံနိုင်ငံများပါဝင်သည့် အစည်းအဝေး အင်းဒိုနီးရှားတွင် ကျင်းပ

0
132

အာဆီယံဒေသတွင်းနိုင်ငံများ ပူးပေါင်းချိတ်ဆက်၍ ဒေသတွင်း စီးပွားရေးခိုင်မာတောင့်တင်းပြီး အားကောင်းလာစေရေးအတွက် (၉၅) ကြိမ်မြောက် ASEAN Business Advisory Council (ASEAN-BAC) အစည်းအဝေး နှင့်(၂၁) ကြိမ်မြောက် ASEAN-BAC Joint Business Councils (JBCs) အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြိုရှိ Shangri-La Hotel တွင်ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင်ကျင်းပခဲ့ပြီး ASEAN Business Advisory Council (ASEAN-BAC) ဥက္ကဋ္ဌ Mr. Arsjad Rasjid P.M. (ASEAN-BAC Indonesia)နှင့် အာဆီယံအဖွဲဝင်နိုင်ငံများမှ တာဝန်ရှိသူများ စုံလင်စွာ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ Senior Executive Advisor ဦးဇော်မင်းဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

အစည်းအဝေးတွင် ASEAN – BAC ဥက္ကဋ္ဌ Mr. Neak Oknha Kith Meng (ASEAN-BAC Cambodia) မှ Mr. Arsjad Rasjid P.M. (ASEAN-BAC Indonesia) ထံသို့ဥက္ကဋ္ဌ တာဝန်လွဲပြောင်းပေးအပ်ခဲ့ပြီး Mr. Arsjad Rasjid P.M. က Chairmanship အနေဖြင့် တာဝန်ယူသည့်ကာလအတွင်း လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များ၊ ကျင်းပသွားမည့်ပွဲ၊ အခမ်းအနားများနှင့် အာဆီယံနိုင်ငံများသို့၎င်းကိုယ်တိုင်သွားရောက်မည့် အလုပ်ခရီးစဉ်အကြောင်းများကို ပြောကြားခဲ့သည်။

ယင်းအပြင် (၉၄) ကြိမ်မြောက် ASEAN-BAC အစည်းအဝေး၏ အကျဉ်းချုံးမှတ်တမ်းကိစ္စရပ်များ၊ အာဆီယံနိုင်ငံများ၏ Legacy Projects များ၊ ASEAN Policy Advocacy, ASEAN Business & Investment Summit, ASEAN Business Awards  များနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြပြီး ၊ တစ်ဆက်တည်းတွင် (၂၁) ကြိမ်မြောက် ASEAN-BAC Joint Business Councils (JBCs) အစည်းအဝေးကို ကျင်းပခဲ့ရာ  ဒီဂျစ်တယ် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုကိစ္စရပ်များ၊ ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးလုပ်ငန်းများကို တက်ရောက်လာသော အာဆီယံနိုင်ငံများ၏လုပ်ငန်းကဏ္ဍအလိုက် ခေါင်းဆောင်အသီးသီးမှ လက်ရှိဆောင်ရွက်နေသော အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ညနေပိုင်း Chairmanship Handover Ceremony Dinner ကို ဆက်လက်ကျင်းပခဲ့ပြီး ASEAN Business Advisory Council (ASEAN  BAC) ဥက္ကဋ္ဌ Mr. Neak Oknha Kith Meng (ASEAN-BAC Cambodia) က Mr. Arsjad Rasjid P.M. (ASEAN-BAC Indonesia) ကို တာဝန်လွဲပြောင်း ပေးအပ်ခဲ့ပြီး အခမ်းအနားတွင် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီး ၊ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ ဗီယက်နမ်၊ ထိုင်း၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယားနိုင်ငံများမှ ASEAN-BAC တာဝန်ယူထားသည့် ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here