လွန်ခဲ့​သော နှစ်​ပေါင်း နှစ်​ထောင်​ကျော်မှသည်​ခေတ်အဆက်ဆက် မွမ်းမံလာသည့် ဘွဲ့​တော် ၃ခု​ပြောင်း ပုသိမ်​ရွှေမုဋ္ဌော

0
206

စေတီတော်သမိုင်းအဆိုအရ ရွှေမုဋ္ဌောဘုရားကို သာသနာ သက္ကရာဇ် ၂၁၈ ခုနှစ် တပေါင်းလပြည့်နေ့ (လွနိခဲ့​သော နှစ်​ပေါင်း ၂၃၄၈နှစ်ခန့်)က

သီရိဓမ္မာသောကမင်း တည်ခဲ့ပြီးရွှေအာဏာစေတီဟုတွင်ခဲ့သည်။သီရိဓမ္မာ​သောကမင်း၏ ​စေတီ​ပေါင်း ၈၄၀၀၀ ထဲတွင် တဆူအပါအဝင်ဟုဆိုကြသည်။

သာသနာသက္ကရာဇ် ၄၅၇ ခုနှစ်(လွန်ခဲ့​သော နှစ်​ပေါင်း ၂၁၀၉ နှစ်ခန့်) တွင် အလောင်းစည်သူမင်းကြီး ကရွှေအာဏာဘုရားကို ထပ်မံ မြှင့်မြှောက်ပြီးလျှင် ထူပါရုံဟု သမုတ်ခဲ့သည်။

သက္ကရာဇ် ၆၂၅ ခုနှစ် သမုဒ္ဒဃောသမင်းနှင့် ဥမ္မာဒန္တီမိဖုရားကြီးတို့လက်ထက်တွင်စေတီကိုမွမ်းမံ ကာ

ရွှေမုဋ္ဌောဟု သမုတ်တော်မူခဲ့သည်။

ထိုရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးအား ပုသိမ်မြို့သို့​ရောက်ရှိ​နေသည့် နစက ဥက္ကဋ္ဌ နှင့်အဖွဲ့ က ဖေဖော်ဝါရီ ၇ ရက်ညပိုင်းတွင်သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများပေးအပ်လှူဒါန်းခဲ့သလို စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်း ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ထို့ပြင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးအပြင် ပုသိမ်မြို့ရှိ အခြား ဘုရား၊စေတီများကိုလည်း ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်အောင် ထိန်းသိမ်းရန်နှင့်အခြားလိုအပ်သည်များကိုပါတာဝန်ရှိသူများကို မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here