ဘန်ကောက်​ ခေါက်ဝ်ဆန်လမ်းတွင် တရားမဝင် အလုပ်လုပ်ကိုင်သည်ဟုဆိုကာ မြန်မာလုပ်သား ၁၁ ဦး ဖမ်းဆီးခံရ

0
212

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ Night Life လမ်းဟု လူသိများသည့် Khao San လမ်းတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၇ ရက်) ညပိုင်းက မြန်မာမှ တရားမဝင် ရွှေ့ပြောင်းလုပ်သား ၁၁ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းမီဒီယာ Khaosod English တွင် ဖော်ပြထားသည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့သည် ခရီးသွားများအဖြစ် ဟန်ဆောင်ပြီး ​ခေါက်ဝ်ဆန်လမ်းတွင် အစားအသောက်ဝယ်ယူကာ စစ်ဆေးမှုများလုပ်ဆောင်ပြီးနောက် မြန်မာမှ တရားမဝင် ရွှေ့ပြောင်းလုပ်သား ၁၁ ဦးကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာရွေ့ပြောင်းလုပ်သားများထဲမှ အငယ်ဆုံး အဖမ်းခံရသူမှာ ၁၉ နှစ်ဖြစ်ပြီး တရားမဝင် ဝင်ရောက်မှုနှင့် ထိုင်းနိုင်ငံသားများအတွက် သီးသန့်ကန့်သတ်ထားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်မှုတို့ဖြင့် တရားစွဲဆိုခံရမည်ဟု Khaosod English သတင်းတွင်ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here