ရုပ်ရှင်သမားဘဝကိုရွေးချယ်ခဲ့ ပြီးပြီ ဆိုရင် ပရိသတ်တွေရဲ့ ဝေဖန်မှုဒဏ်ကို ခံနိုင်ရည်ရှိရပါမယ် အကယ်ဒမီဒေစီကျော်ဝင်း

0
386

day-si-kyaw-win

မင်းသမီးကြီး အကယ်ဒမီဒေစီကျော်ဝင်းဟာ သူတို့ ခေတ်အခါတုန်းကလည်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေများ စွာရှိခဲ့ဖူးသလို ဒီကနေ့တိုးတက်လာတဲ့ နည်းပညာခေတ်မှာ လူငယ်တွေကပိုမိုပွင့်လင်းစွာနဲ့ ဝေဖန်လာကြတယ်ဆိုတာ လက်ခံရမယ့် ကိစ္စတွေဖြစ်တယ်လို့ ဆိုလာပါတယ်။

” ရုပ်ရှင်သမားတွေဆိုတာ ပရိသတ်ဝေဖန်တာကို ခံရမှာပါပဲ။ ရုပ်ရှင်သမားဘဝ ကိုရွေးချယ်ခဲ့ပြီးပြီဆိုရင် ပရိသတ်တွေရဲ့ဝေဖန်မှုဒဏ်ကို ခံနိုင်ရည်ရှိရပါမယ်။ အခု ရုပ်ရှင်သမားတွေကို ဝေဖန်နေကြတယ်ဆိုတာကလည်း ကောင်းစေချင်တဲ့စိတ်နဲ့ ဖြစ်မှာပါ” လို့ အကယ်ဒမီဒေစီ ကျော်ဝင်းက မှတ်ချက်ပြုဆိုပါတယ်။အကယ်ဒမီ ဒေစီကျော်ဝင်းကတော့ သူတို့ခေတ်တုန်းက ရိုက်ကူးရတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားရဲ့ ကြာမြင့်မှု အချိန်ကာလဟာ အနည်းဆုံးတစ်လအထိကြာမြင့်ပြီး ရုပ်ရှင် အဖွဲ့သားတွေ အားလုံးဟာလည်း ဇာတ်ကားတစ်ကား ဖြစ် လာ ဖို့အတွက် စည်းလုံးညီညွတ်စွာနဲ့ ကြိုးစားအားထုတ်ပြီးရိုက် ကူးကြရတာ ဖြစ်တယ်လို့ဆိုလာပါတယ်။

” အခုခေတ်မှာတော့ အမေကြားမိသလောက်တော့ ပြောပြမယ်နော်။ အချိန်တိုတိုနဲ့ ရိုက်ကူးနေကြတယ်လို့တော့ ပြောတာပဲ။ အမေတို့ ခေတ်နဲ့တော့ ကွာခြားသွားပြီပေါ့။ အချိန် တိုတိုနဲ့ ရိုက်တော့ မကောင်းဘူးလားဆိုရင်လည်း ကြိုးစား အားထုတ်မှုအပေါ်မူတည်မယ်လို့တော့ ထင်ပါတယ်။ မြန်မြန်နဲ့ပြီးအောင် လုပ်တာလည်း ကောင်းတဲ့အပိုင်းတော့ ရှိပါတယ်။ အချိန်ကြာကြာယူပြီးရိုက်တာကလည်း တစ်မျိုး ကောင်းစေပါတယ်။ တစ်ခုတော့ရှိပါတယ်။ အချိန်ယူပြီး ရိုက်ကူးတဲ့ ရုပ်ရှင်တစ်ခုကတော့ သရုပ်ဆောင်မှု အပိုင်း ရော၊ ဆင်တင်ချရမှု အပိုင်းရော၊ လိုကေးရှင်းအပိုင်းရောစသဖြင့် ပေါ့လေ။ အကုန်လုံးအတွက် အချိန်ရတော့ ဇာတ်ကား အရည်သွေးကပို ကောင်းပါလိမ့်မယ်။ အခုနောက်ပိုင်း ကြည့်ရ တာကတော့ ပြဇာတ်ပုံစံလို ဖြစ်နေတယ်လေ။ အမေတို့ ခေတ် ကတော့ ဇာတ်ဝင်ခန်းတစ်ခု ရိုက်မယ်ဆိုရင် ဆက်တင်ကို အသေချာတည်ဆောက်ပြီးမှ ရိုက်ကူးတာဖြစ်တဲ့အတွက်ကြောင့် ရိုက်ကူးမှုကာလတွေကလည်း ကြာမြင့်တာပေါ့။ ပြီးတော့ ဆက်တင်တွေ တည်ဆောက်ပြီးမှ အခိုင်အမာရိုက်တာဖြစ်တော့ ငွေကုန်ကြေးကျပိုများတာပေါ့။ အခုခေတ်ကတော့ ဖြစ် သလိုလေးလုပ်နေကြရတာပေါ့လေ” လို့ အကယ်ဒမီ ဒေစီကျော်ဝင်းက ပြောပြပေးပါတယ်။

အကယ်ဒမီ ဒေစီကျော်ဝင်း ကတော့ မဝေး တော့တဲ့ ၄ နှစ်မှာ ဆုံတွေ့ရမယ့် မြန်မာ့ရုပ်ရှင် နှစ် ၁ဝဝပြည့်မှာတော့ မြန်မာ့ရုပ်ရှင် ဇာတ်ကားတွေ ပို ကောင်းလာမယ်လို့ ယုံကြည်မျှော်လင့်နေတယ် လို့ ဆိုပါတယ်။ ” ဘာလို့လဲဆိုရင် အခုခေတ် မျိုးဆက်တွေ ကလည်း တော်ကြတယ်လေ။ သူတို့ကိုကြည့်ရတာ အားလည်း ရတယ်လေ။ နည်းပညာအပိုင်းတွေ ရော၊ရိုက်ကူးမှု အပိုင်းတွေရော၊ ကင်မရာပိုင်းတွေကအစ အများကြီး တိုးတက်လာတာကိုတွေ့ရတော့ နှစ် ၁ဝဝပြည့်မှာ ကောင်းမွန်တဲ့ ရုပ်ရှင် ဇာတ်ကား တွေနဲ့ ဂုဏ်ယူဝင့်ြ<ွကားစွာ ဖြတ်သန်းချင်ပါတယ်။ လူ ငယ်တွေ ကြိုးစားကြပါလို့ပြောခဲ့ချင်ပါတယ်” လို့ အကယ်ဒမီဒေစီ ကျော်ဝင်းက ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here