မွေးကင်းစ ဆီးရီးယားကလေးငယ်အား အုတ်ပုံအပြိုအပျက်များကြားမှ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့

0
286

ဂျင်ဒါရစ်၊ဖေဖော်ဝါရီ ၇

ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ ငလျင်ဒဏ်ကြောင့်နေအိမ်ပြိုကျသွားပြီး အဆိုပါအပျက်အစီးများအောက်မှ မွေးကင်းစကလေးငယ်အား အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ကြောင်း ကလေးငယ်၏ဆွေမျိုးတစ်ဦးကပြောကြားခဲ့သည်။

ကလေးငယ်အားတွေ့ရှိကယ်တင်နိုင်ချိန်၌ အဆိုပါကလေးငယ်သည် ချက်ကြိုးပင်မဖြတ်ရသေးကြောင်းသိရှိရပြီး ၎င်း၏မိခင်မှာမူသေဆုံးသွားကြောင်းသိရသည်။ကလေးငယ်သည် သူ၏မိသားစုအရင်းအချာများအနက် တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်သူဖြစ်ပြီး ကျန်မိသားစုများမှာသေဆုံးသွားသည်ဟုဆိုသည်။

“အဆောက်အအုံ အပျက်အစီးတွေကို ဖယ်ဖို့ကြိုးစားနေတုန်းကလေးငိုသံကြားတာပါ။ဒါကြောင့်ဖုန်တွေရှင်း အပြိုအပျက်တွေကိုဆက်ရှင်းတော့ ကလေးကိုချက်ကြိုးတောင်မဖြတ်ရသေးပဲတွေ့ရလို့ ကျွန်တော့်ညီဝမ်းကွဲကဆေးရုံခေါ်သွားပါပြီ” ဟု ကလေးငယ်အားကယ်တင်ပေးခဲ့သူကပြောကြားခဲ့သည်။

ကလေးငယ်အားအချိန်မီ နီးစပ်ရာဆေးရုံသို့ပို့ဆောင်ကယ်တင်နိုင်ခဲ့သော်လည်း ၎င်း၏မိခင်၊ဖခင်၊အဒေါ်နှင့် ကျန်မောင်နှမလေးဦးစလုံးသေဆုံးသွားကြောင်းသိရသည်။ကလေးငယ်သည်ဆေးရုံသို့ စိုးရိမ်ရသည့်အခြေအနေဖြင့်ရောက်လာခဲ့သော်လည်း ယခုအခါ ကလေးငယ်၏ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်နေပြီဖြစ်ကြောင်းဆရာဝန်များကပြောကြားခဲ့သည်။

တနင်္လာနေ့ကလှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ဆီးရီးယား၌လူပေါင်း ၁,၆၀၀ ကျော်သေဆုံးခဲ့ပြီး တုကီယေး၌ ၃,၄၀၀ ကျော်သေဆုံးခဲ့သည်ဟု အာဏာပိုင်များကထုတ်ပြန်ကြေငြာခဲ့သည်။

ယခုအချိန်သည် အချိန်နှင့်အမျှအသက်လုနေရသည့်အချိန်ဖြစ်ကာ လူပေါင်းများစွာပိတ်မိနေသေးသဖြင့် တစ်စက္ကန့်သောအချိန်ပင်လျှင် အသက်တစ်ချောင်းကယ်တင်နိုင်သောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ်လုပ်ဆောင်နိုင်ရန် လိုအပ်သောအကူညီနှင့်ပစ္စည်းများအား သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများသို့ အကူညီတောင်းထားသည်ဟုလည်းပြောကြားခဲ့သည်။

Source:AFP


LEAVE A REPLY

Please enter your comment!
Please enter your name here