ရန်ကုန်လမ်းတချို့ ပြည်ထောင်စုနေ့တွင် ပိတ်မည်

0
240

လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်မည့် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားများ ကျင်းပမည်ဖြစ်သည့်အတွက် ရန်ကုန်မြို့ရှိ လမ်းအချို့ကို ပိတ်မည်ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။

ပြည်ထောင်စုနေ့တွင် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်အရှေ့နှင့် လွှတ်တော်ဝင်းတန်းစီကွင်းတို့တွင် တိုင်းရင်းသားရိုးရာအစားအစာပြပွဲများ၊ ပြည်ထောင်စုနေ့အခမ်းအနားများ ပြုလုပ်မည်ဖြစ်သည့်အတွက် ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့တွင် ပြည်လမ်းအတိုင်း မြောက်ကနေ တောင်ဘက်သို့ မောင်းနှင်လာသည့် ယာဉ်တွေသည် မြေနီကုန်းမီးပွိင့်မှ ညာဘက်ချိုးကွေ့ပြီး အောက်ကြည့်မြင်တိုင်လမ်းအတိုင်း မောင်းနှင်ရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပြည်လမ်းအတိုင်း တောင်ဘက်ကနေ မြောက်ဘက်ကို မောင်းနှင်လာသည့် ယာဉ်တွေအနေဖြင့် ပြည်ထောင်စုရိပ်သာလမ်းဘက်ကို ချိုးကွေ့ကာ ဗဟိုလမ်း၊ အလုံလမ်းတွေကတဆင့် အောက်ကြည့်မြင်တိုင်လမ်းကို ပြောင်းလဲမောင်းနှင်ကြဖို့ ထုတ်ပြန်ထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here