မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေး ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ ၁ သန်းကျော်ပိုမိုရရှိထား

0
187

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ၁၀ လတာနီးပါးကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှ ၂၆ သန်းကျော်ရရှိထားပြီး ယခင်ဘဏ္ဍာနှစ်ထက်အမေရိကန်ဒေါ်လာ ၁ သန်းကျော်ပိုမိုရရှိထားသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၈၃ သန်းပို့ကုန်ဝင်ငွေ ရရှိထားပြီး သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၆ သန်းဝင်ငွေရရှိထားကြောင်းသိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ စစ်တွေဂိတ်မှ အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၄၄ သန်းဖြင့်အများဆုံးကုန်သွယ်မှုပြုလုပ်ထားပြီး ဒီဘဏ္ဍာနှစ်အတွင်း စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း နှစ်ခှမှ ရေထွက်ကုန်အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကုန်သွယ်ရေးစခန်းနှစ်ခုမှ ရေထွက်ကုန်တင်ပို့မှုမှာ မွေးမြူရေးငါးမြစ်ချင်း၊ ငါးမုန့်မည်း၊ ငါးသလောက်၊ ငါးနီတူခြောက်နှင့် ငါးမှုန့်ခြောက်များ ပါဝင်ပြီး ကုန်ခြောက်များတွင် မန်ကျည်းသီး၊ ချင်း၊ ကြက်သွန်၊ ထန်းလျက်အစရှိသည့် ကုန်ခြောက်များပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here