တရုတ်သည် အမေရိကန်၏ အချုပ်အခြာအာဏာကို ထိပါးလာပါက သေချာပေါက် တုန့်ပြန်မည်ဟု ဘိုင်ဒင် သတိပေး

0
277

တရုတ် ထောက်လှမ်းရေးမိုးပျံပူဖောင်းနှင့် ပတ်သက်၍ နှစ်နိုင်ငံကြား သဘောထားကွဲလွဲမှုများ ကြီးမားလာသည့်အတွက် သမ္မတ ဘိုင်ဒင်က ဝါရှင်တန်သည် ၎င်း၏အချုပ်အခြာအာဏာအား ပေကျင်းက ခြိမ်းခြောက်လာလျှင် ကာကွယ်ရေးကိုသေချာ‌ပေါက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကိုသတိပေးလိုက်သည်။

“အမေရိကရဲ့ အကျိုးစီးပွားကို တိုးတက်စေဖို့နဲ့ ကမ္ဘာကို အကျိုးပြုစေနိုင်ဖို့အတွက် တရုတ်နဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် မဟုတ်တာတွေတော့မလုပ်ပါနဲ့၊ ပြီးခဲ့တဲ့ အပတ်ကကျွန်တော်တို့ ရှင်းရှင်းလင်းလင်း လုပ်ပြခဲ့တဲ့အတိုင်းပဲ တရုတ်နိုင်ငံက ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လာရင် ကိုယ့်တိုင်းပြည်ကို ကာကွယ်ဖို့အတွက်အရေးယူမှုတွေ လုပ်ဆောင်သွားမှာပါ။ လုပ်လည်း လုပ်ခဲ့ပါတယ်” ဟု ဘိုင်ဒင်က ဖေဖော်ဝါရီလ ၈ ရက် အင်္ဂါနေ့ညတွင် သူ၏ ဒုတိယမြောက်နိုင်ငံတော်မိန့်ခွန်းကို ပြောကြားရာ၌ တရုတ်အား သတိပေးခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် တရုတ်မိုးပျံပူဖောင်းက အမေရိကအပေါ် ဖြတ်ကျော်သွားသည့် လုပ်ရပ်ကိုကန့်ကွက်သည့်အနေဖြင့် ပေကျင်းသို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီးနောက် နှစ်နိုင်ငံကြားရှိ သံတမန်ဆက်ဆံရေးလည်း တင်းမာလာခဲ့သည်။

တရုတ်၏ မိုးပျံပူဖောင်းအား ပစ်ချခဲ့သည့်အပေါ် တရုတ်ကအရပ်ဘက် မောင်းသူမဲ့ လေသင်္ဘောကို အင်အားသုံးဖျက်ဆီးသည်ဟူ၍ အပြင်းအထန် ကန့်ကွက်လာသည်။

အမေရိကဘက်ကမူ တရုတ်နိုင်ငံအား ၎င်း၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာဥပေဒကို ချိုးဖောက်သည်ဟူ၍ စွပ်စွဲထားသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here