လက်ရှိအစိုးရသည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနေသည့် အစိုးရတစ်ရပ်ဖြစ်ဟု နစက ဥက္ကဋ္ဌဆို

0
125

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများမှ တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်ပေးရန်နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၈ ရက်မွန်းလွဲပိုင်းက ဧရာဝတီတိုင်း၊ဟိုင်းကြီးကျွန်းမြို့နှင့်ငပုတောမြို့နယ်တို့ရှိ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိ မြို့ဖများအားတွေ့ဆုံစဥ် နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်း၌ ဆောက်ရွက်လျက်ရှိသည့်လုပ် ငန်းများအား ယခုထက်ပိုကြိုးစားဆောင်ရွက်ပါက ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ ဒေသဖွံ့ ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများမှ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးရမည်ဟု ဆိုသည်။

ထို့ပြင် အစိုးရတစ်ရပ်သည် ပြည်သူလူထုတို့၏ လူမှုအကျိုးစီးပွားကို ဖော်ဆောင်ပေးရမည်ဖြစ်ကာ မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနေသည့် အစိုးရတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။

“မိမိတို့ရဲ့ ဆောင်ရွက်ချက်တွေကို တစ်ဦးချင်းစီရဲ့ တာဝန်တွေအလိုက် အောင်မြင်အောင်လုပ် ဆောင်ပြီး အလုပ်နဲ့သက်သေပြနိုင်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

မိမိတို့ စတင်တာဝန်ယူစဉ်က နိုင်ငံ၏စီးပွားရေးကျဆင်းလျက်ရှိ၍ မိမိတို့အနေဖြင့် အခက်အခဲများကြားမှကြိုးပမ်းဆောင်ရွက်ခဲ့ရာလက်ရှိ အချိန်တွင် နိုင်ငံ့စီးပွားရေးသည် အတိုင်း အတာ တစ်ခုအထိ တိုးတက်လာသည်ဟု ဆိုသည်။

“အစိုးရ၊ပြည်သူနဲ့တပ်မတော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် အောင်မြင်နိုင်မှာဖြစ်ပါတယ်၊ ချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်တွေအတိုင်းဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန် ရည်မှန်း ချက်ထားဆောင်ရွက်လျက်ရှိကာ အမျိုးသားရေးရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ရွေးကောက်ပွဲဆောင်ရွက်ရန် တိုင်းနှင့်ပြည်နယ်အချို့၌ အခက်အခဲများရှိနေသေးကာ ရွေး ကောက်ပွဲကျင်းပရာတွင် ပြည်သူလူထုက လက်ခံသည့် သိက္ခာရှိသည့်ရွေးကောက်ပွဲကျင်းပနိုင်ရန် အဘက်ဘက်မှကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“ဒါ့ကြောင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေသူတွေ အ နေနဲ့လည်း ဝန်ထမ်းတစ်ဦးအနေနဲ့ မိမိတို့တတ်နိုင်တဲ့ဘက်မှ ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်ရပါမယ်” ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here