ပစိဖိတ်သမုဒ္ဒရာထဲမျောနေသော ကိုကင်းမူးယစ်ဆေး ၃တန်ခွဲ နယူးဇီလန်ရဲတွေ့ရှိ

0
157

နိုင်ငံတကာ မူးယစ်ဆေးမှောင်ခိုဂိုဏ်းတစ်ခုမှ ပစ်ချခဲ့သည်ဟု ယူဆရသော ကိုကင်းမူးယစ်ဆေး ၃ ဒသမ ၅ တန် ပစိဖိတ်သမုဒ္ဒရာရေပြင်ဝယ်မျောနေခြင်းကို နယူးဇီလန်ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

ရေပေါ်အကူးအပြောင်းနေရာတစ်ခုတွင် မူးယစ်ဆေးဂိုဏ်းမှ ရေထဲသို့ပစ်ချခဲ့သည့် အဆိုပါကိုကင်း ၈၁ အိတ်ကို ပြီးခဲ့သော သီတင်းပတ်တွင် အဆိုပါ သမုဒ္ဒရာ ရေပြင်ဧရိယာသို့ ဖြန့်ကျက် တာဝန်ချထားခဲ့သည့် ရေတပ်သင်္ဘောတစ်စင်းက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နယူးဇီလန် ရဲမင်းကြီး အင်ဒရူးကော့စတာက ပြောကြားခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးများကို မှတ်တမ်းတင်ကာ ဖျက်ဆီးခဲ့သည်။

ကိုကင်း ၃တန်ခွဲ၏ လက်ကားတန်ဖိုးမှာ နယူးဇီလန်ဒေါ်လာ သန်း ၅၀၀ (ကန်ဒေါ်လာ ၃၁၆ သန်း) ခန့်ရှိပြီး ယင်းကိုကင်းများသည် သြစတြေးလျသို့ ဦးတည်သွားဖွယ်ရှိကြောင်း ကော့စတာက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here