လှိုင်သာယာ မီးလောင်မှုဖြစ်စဥ်တွင် အမျိုးသားတစ်ဦးသေဆုံးခဲ့

0
173

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက်တွင် ဖေဖော်ဝါရီ ၈ ရက်ညပိုင်းက ၁၅ မိနစ်ကျော်ကြာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ည ၁ နာရီ ၃၈ မိနစ်ခန့်က လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက်၊အပိုင် ၆၊ဗိုလ်တေဇပတ် လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် ည ၁ နာရီ ၅၄ မိနစ်တွင်မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးမှာ မီးလောင်ကျွမ်း၍သေဆုံးသွားခဲ့သဖြင့် နာရေးကူညီမှုအသင်းကားဖြင့် လှိုင်သာယာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

“ဗိုလ်တေဇပတ်လမ်းဘေးက ကျူးကျော်အိမ်တွေမှာလောင်တာပါ အမျိုးသားတစ်ယောက် မီးလောင်သေဆုံးသွားပါတယ် မီးလောင်ဆုံးရှုံးသွားတဲ့အိမ်တွေလည်းရှိတယ်”ဟု ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖေဖော်ဝါရီ ၈ ရက်နံနက်ပိုင်းမှစတင်၍ ညပိုင်းအထိ ရန်ကုန်တိုင်းအတွင်း၌ မီးလောင်မှု ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးခဲ့ကာ အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here