ပြီးခဲ့သည့်‌နှစ် ဟောလိုဝင်း လူအုပ်ပိသေဆုံးမှုနှင့်ပတ်သက်၍ တောင်ကိုရီးယား ပြည်ထဲရေးဝန်ကြီးကို ရာထူးချ

0
154

တောင်ကိုရီးယားလွှတ်တော်သည် ပြည်ထဲရေးဝန်ကြီး လီဆန်မင်းအား မနှစ်ကဖြစ်ပွားခဲ့သော ဟောလိုဝင်းပွဲတော်အတွင်း လူအုပ်ပိသေဆုံးမှုကို ကာကွယ်ရာနှင့်တုံ့ပြန်ရာတွင် တာဝန်ပျက်ကွက်ခဲ့သည်ဟုဆိုကာ စွဲချက်တင်ရန်အတွက် ဖေဖော်ဝါရီလ ၈ ရက် ဗုဒ္ဓဟူးနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် နာမည်ကြီး အီထယ်ဝန်ရပ်ကွက်၌ ဖြစ်ပွားခဲ့သော လူအုပ်ပိမှုအတွင်း လူ ၁၅၉ ဦး သေဆုံးပြီး အခြား ၁၉၆ ဦး ဒဏ်ရာရရှိခဲ့သည်။

ပြည်ထဲရေးဝန်ကြီးအား လူအုပ်ကြီးအတွက် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံပြုလုပ်ရန် ပျက်ကွက်ခဲ့သည်ဟု လွှတ်တော်အတွင်းအဆိုပြုရာတွင်စွပ်စွဲထားသည်။

ထို့ပြင် လူအုပ်ပိမှုဖြစ်ပွားပြီးနောက် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များကို ဖြန့်ကျက်ရာတွင် သူ၏ ဆုံးဖြတ်ချက် ညံဖျင်းမှုများကြောင့် နှောင့်နှေးမှုများ ဖြစ်ပေါ်စေခဲ့သည်ဟူ၍လည်း စွပ်စွဲထားသည်။

လွှတ်တော်အတွင်း လျှို့ဝှက်မဲပေးခဲ့ရာတွင် ထောက်ခံမဲ ၁၇၉ မဲနှင် ကန့်ကွက်မဲ ၁၀၉ မဲဖြင့် စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။

ထို့ကြောင့် လီသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက စီရင်ချက်မချမီအထိ တာဝန်မှ ဆိုင်းငံ့ခံထားရမည်ဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here